Thursday, 15 November 2012
ယနေ့ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်အရ မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာ သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများပါရှိခြင်းမရှိကြောင်း မန္တလေးမြို့ခံ The Voice Weekly သတင်းထောက်ကသတင်း ပေးပို့သည်။ မန္တလေး အိုးဘိုထောင်မှ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင်နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသား(၂)ဦး၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တပ်မတော်အကျဉ်းသား(၁၇)ဦး၊ HIV အကျဉ်းသား (၆)ဦး၊ သက်ကြီး (၁) ဦး၊ စုစုပေါင်း ၂၆ ဦး၊ လွတ်မြောက်ခဲ့ကြောင်း အဆိုပါ ထောင်မှ သိရသည်။

ယင်းထောင်မှ လွတ်မြောက်လာသော နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသား နှစ်ဦးကို မန္တလေးမြို့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဦးစီးဌာနတာဝန်ရှိသူ အချို့က လာရောက်ခေါ် ဆောင် သွားခဲ့သည်။မန္တလေးတိုင်းဒေသကြီး မြင်းခြံထောင်၊ ရမည်းသင်းထောင်၊ မိတ္ထီလာ
ထောင်တို့မှလည်း အကျဉ်းသား စုစုပေါင်း(၃၇)ဦး လွတ်မြောက်မည် ဖြစ်ကြောင်းအဆိုပါအိုးဘိုထောင်( မန္တလေး)ထံက ထပ်မံစုံစမ်းသိရှိရသည်။
The Voice Weekly
ထောင်တို့မှလည်း အကျဉ်းသား စုစုပေါင်း(၃၇)ဦး လွတ်မြောက်မည် ဖြစ်ကြောင်းအဆိုပါအိုးဘိုထောင်(
The Voice Weekly
No comments:
Post a Comment