Sunday, November 04, 2012

ဟန်းဆက် ၅၀၀၀ တန် ကံစမ်းမဲအစီအစဉ် နောက်တစ်မျိုးပြင်

Sunday, 04 November 2012
ဟန်းဆက်တစ်လုံး ကျပ်ငါးထောင်ဖြင့် ကံစမ်းရောင်း ချပေးခြင်းကိုရန်ကုန်တွင် ပါရမီဆိုင်တစ် ဆိုင်သာ ပြု လုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဆိုင်များအား အစီအစဉ် သစ်တစ်ရပ် ပြုလု
ပ်ပြီးမှ သာ ပြန် လည်ရောင်းချပေးတော့မည်ဖြစ်ကြောင်း လူကြီးမင်း ဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်းက ယနေ့ နံနက် ၁၀ နာရီတွင် Park Royal ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။" ဖုန်းရောင်း ဖို့ ချမှတ်ထားတဲ့ အစီအစဉ် မှားယွင်းခဲ့တဲ့အတွက် လူတအားများပြီး ရန်ကုန်မှာ ဖုန်းမရောင်း ပေးနိုင်ခဲ့ ပါဘူး။ နေပြည်တော်နဲ့တောင်ကြီး သုံးဆိုင်ပဲ ပြု လုပ်နိုင်ခဲ့ပါတယ်။ ရန်ကုန်ဆိုင်တွေကတော့ ပါရမီတစ်ဆိုင်ပဲ တုံကင်ဝေပြီးသားဖြစ်တဲ့အတွက် မဲဖောက်ကြေညာပေးသွားမှာပါ။ ကျန်တဲ့ဆိုင်တွေကေ တာ့ ဘယ်လို ပြန်ရောင်း ပေးရမလဲဆိုတာ အချိန်ယူစီစဉ်ရဦးမှာပါ´´ဟု ၄င်းက ပြောသည်။နိုဝင်ဘာ ၃ ရက်နေ့၌ နံနက် ၈ နာရီ ခွဲမှ ၉ နာရီအထိ SANSUNG Mini ဟန်းဆက်တစ်လုံးကို ကျပ်ငါးထောင်ဖြင့် အလုံးရေ ၁၂၀ အား လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် တုံကင်စနစ်ဖြင့် ကံစမ်းမဲဖောက်ရောင်း ချပေးမည်ဟု သတင်းများ ထုတ်ပြန်ထားခဲ့ရာ လူဦးရေများပြားလာသည့်အတွက် ရဲများပင်ဖြေ ရှင်းပေးရသည် အထိ ဖြစ်ပွားခဲ့၍ ဖုန်းရောင်းခြင်းကို ရန်ကုန်တွင် မည်သည့်ဆိုင်မှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal

No comments: