Sunday, 04 November 2012
စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ မြို့နယ်သုံးခုသို့ ကွင်းဆင်းကုသမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလှည်းကူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်သို့လည်ကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်သို့လည်းကောင်း ကွင်းဆင်းကုသပေးမည်ဖြစ်ပြီး လှည်း ကူးမြို့နယ် ၌ နိုဝင် ဘာလ ၇ ရက်နေ့မှစတင်ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအဆင့်ဆင့် ညှိနှိုင်းမှုများပြုလုပ်ကာ သွားရောက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ မြို့နယ်သုံးခုသို့ ကွင်းဆင်းကုသမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလ
''ဆေးရုံမှာလူနာတဖြည်းဖြည်းများလာတယ်။ နောက်ပြီး ဆေးရုံကအခက်အခဲအမျိုးမျိုးကြောင့် ရောက်ဆေး ကုသမှု မခံယူနိုင်တဲ့သူတွေကို အိမ်တိုင်ရာရောက်ကုသပေးချင်လို့ အခုလိုစီစဉ်ဖြစ်တာပါ။ အထက်က စီမံ ကိန်းချပေးလို့ မဟုတ်ပါဘူး။ကိုယ့်အစီအစဉ်နဲ့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရောက်ကုသတာပါ။ တကယ်လို့အ လှူ ရှင်တွေအထောက်အပံ့တွေ ရလာမယ်ဆိုရင်တော့ ဒီထက်ပိုပြီး နေရာများများကိုသွားရောက် ကုသနိုင်
မှာပါ''ဟု စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကု န်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စိုးက ပြောပါသည်။
စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)၌ ၂၀၀၉ ခုနှစ်တွင် ပြင်ပလူနာ ၁၀၇၅၇ ဦး၊ အတွင်းလူနာ ၆၀၆၀၊ ၂၀၁၀ ခုနှစ်တွင် ပြင်ပလူနာ ၁၂၁၁၇ ဦး၊ အတွင်းလူနာ
၆၃၇၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ပြင်ပလူနာ ၁၄၆၅၀ ဦး၊ အတွင်းလူနာ ၇၄၆၇ ဦး၊
၂၀၁၂ ခုနှစ်ဇန်န၀ါရီမှ ဇွန်လအထိ ပြင်ပလူနာ ၈၅၇၆ ဦး၊ အတွင်းလူနာ ၄၁၈၀
ဦးတက်ရောက် ဆေးကုသမှုခံယူခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် လည်း
အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူသူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
eleven media group
မှာပါ''ဟု စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကု
စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)၌
eleven media group
No comments:
Post a Comment