Friday, November 02, 2012
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ် လပ်သော အဖွဲ့အစည်း အဖြစ် နိုင်ငံတော် သမ္မတ ၏တိုက်ရိုက်ကွပ် ကဲမှုအောက် တွင် ပြင်ဆင်ပြောင်း လဲဖွဲ့စည်း ရန်စီစဉ်ထားကြောင်း သိရသည်။နိုင် ငံတော် ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ် လုပ်ငန်းစနစ်ကို ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ် နှင့်ချိတ်ဆက်ဆောင် ရွက်နိုင်ရေးအတွက် ထိုသို့ ပြောင်းလဲရန်စီစဉ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထိုသို့မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော် သမ္မတ၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် ပြင် ဆင်ပြောင်း လဲရေး အ တွက်ပြည်ထောင် စု လွှတ်တော် သို့
နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၂ ခုနှစ်အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ စာအမှတ်
၁ဝ၇(၁)/၈/သမ္မတရုံးဖြင့် သဝဏ်လွှာပေးပို့ထားကြောင်းလည်း သိရပါသည်။အဆိုပါသဝဏ်လွှာတွင် ကမ္ဘာ့ဘဏ်များ၏ ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်
နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို
နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင်ပြင်ဆင်ပြောင်း
လဲဖွဲ့စည်း လိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေ ကြမ်းကို ရေးဆွဲလျက်ရှိပြီး လက်ရှိကျင်း ပလျက်ရှိ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးကာလအတွင်း တင်ပြ နိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း၊ ဥပဒေမပြဌာန်းမီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြည်ထောင်စုအဆင့် ဥက္ကဌတစ်ဦးနှင့် ဒုတိယဥက္ကဌ နှစ်ဦးတို့ဖြင့် ခန့်ထားဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက်ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ရယူပေးရန် သဝဏ်လွှာပေးပို့ ထားခြင်းဖြစ်ကြောင်းလည်း သိရပါသည်။
Eleven Media Group
Eleven Media Group
No comments:
Post a Comment