Friday, November 02, 2012
ကမ္ဘာ့ဘဏ် သည်မြန်မာနိုင်ငံ အားချေးငွေ ထုတ်ပေးခြင်းကို ပြီးခဲ့သော ၂၅ နှစ်တာ ကာလပတ် လုံးရပ်ဆိုင်းထားခဲ့ရာမှာ မကြာခင်ချေးငွေ များပြန် လည် ထုတ်ပေးသွားရန်ရှိကြောင်း သိရသည်။

ပထမ အဆင့်အနေဖြင့်ပြန် လည်ပေးဆပ်ရန် မလိုသော ရန်ပုံငွေ သန်း ၈၀ ကို မြန်မာနိုင် ငံအ တွက်ထုတ်ပေးမည်ဖြစ်ပြီး ထိုငွေများကို ကျေးလက်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား ၊ ကျောင်း၊ ဆေးပေးခန်း ဆောက်လုပ်ခြင်းများတွင် အသုံးပြုရန် စီစဉ်ထားကြောင်း ကမ္ဘာ့ဘဏ် က ပြော သည်။“မြန်မာအစိုးရရဲ့ပြုပြင်ပြောင်း လဲရေးတွေကို အားရမိပါတယ်၊ပြုပြင်ပြောင်းလဲရေးကောင်းတွေ ဆက်လက် ဖော်ဆောင်ဖို့လည်း အားပေးတိုက်တွန်းပါတယ်” ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင် ယောင် ကင်မ်ကပြောသည်။မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ဘဏ်ကို ပေးရန် ကြွေးကျန်များ ရှင်းလင်းပြီးပါ က နောက်ထပ် ဒေါ်လာ ၁၆၅ သန်းကို ချေးငွေအဖြစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ ပါမယ်လာ ကို့စ်က ပြောသည်။
Source: BBC
Messenger News Journal

No comments:
Post a Comment