Wednesday, December 05, 2012

ကေအိုင်အေ(ကချင်)မှ အဖျက်လုပ်ငန်းများ ဆက်လက်လုပ်ဆောင် (4 photos)






ကေအိုင်အေ (ကချင်) အဖွဲ့သည် ကချင်ပြည်နယ်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သော လမ်း/တံတားများ ဖောက်ခွဲဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများ ထိခိုက် သေကြေ ဒဏ်ရာ ရရှိစေရန်အတွက် မိုင်းထောင် ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ဆက်လက် ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ည ၁၁ နာရီခွဲခန့်တွင် မိုးညှင်း- နမ္မား လမ်းပေါ်ရှိ ရထားလမ်းပိုင်းအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်း ၄ ပေခန့် ပြတ်တောက်၍ ဇလီဖားတုံး ၄ တုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရထားလမ်းပိုင်းအား နယ်မြေခံတပ်၏ အကူအညီဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၄ နာရီခွဲခန့် တွင် ပြန်လည် ကောင်းမွန်ခဲ့ပြီး ရထားများ ပုံမှန် ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။ မြ၀တီ

No comments: