Wednesday, December 05, 2012

ဘယ်လိုခြိုးခြံချွေတာမလဲ?

Tuesday, December 04, 2012
အသုံးအဖြုန်းကြီးတာရဲ့ ဆန့်ကျင် ဘက်ကတော့ ခြိုးခြံချွေတာခြင်းပါပဲ။ ခြိုးခြံချွေတာ ဖို့ဆိုတာ ဒီခေတ် မှာတော့တော်တော် မလွယ်လှပါဘူး။ ခြိုးခြံချွေတာ ဖို့စိတ်ရှိသူသာလျှင် မိမိဆန္ဒ အလျှောက် လုပ်ဆော
င်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ ၀င်ငွေအပေါ်မှာ ဘယ်လိုချွေတာမလဲ ဆိုတဲ့ရွေး ချယ်မှု တစ်ရပ်ပါပဲ။ ခြိုးခြံချွေတာ ခြင်းရဲ့ ရလဒ် ကတော့အသုံး စရိတ်ရဲ့ပိုငွေတွေကို ဘဏ်မှာ စုဆောင်း ထားခြင်းပဲဖြစ် ပါတယ်။ချွေတာစုဆောင်း ထားတဲ့ငွေတွေကို နေ့စဉ် စုရာက၊ လစဉ်၊ နှစ်စဉ်၊ ဆယ်စုနှစ်များ အထိ တိုးတက်လာမှာဖြစ်ပါတယ်။ အဲဒီ အခါမှာတော့ ကိုယ့်စုဆောင်းငွေတွေ ဟာ ပျော်စရာ အတိဖြစ်လာပါတယ်။ ပထမတော့ နည်းနည်း၊ ခက်သလိုရှိပြီးနောက်တော့လည်း ခြိုးခြံရတာ
အကျင့်လိုဖြစ်သွား ပါတယ်။ ခြိုးခြံချွေတာတာဟာ စွန့်လွှတ် ခြင်းတွေ အများကြီးနဲ့ရင်ဆိုင်ရပါတယ်။ ကျွန်မတို့ဒီခေတ်မှာ အမျိုးသမီးတွေShopping ဈေးဝယ်ထွက်ဖို့ နေရာတွေက လည်းများမှများပါပဲ။ Shopping Mart၊ Shopping Mall၊ တွေကလည်း ရန်ကုန် မြို့အနှံ့အပြားမှာရှိနေပါတယ်။ Super One ၊City Mart ၊orange ဆိုတဲ့ကုန်တိုက် ကြီးတွေ ရှိပါတယ်။  နောက်ထပ် စစ်တမ်း ကောက်ကြည့်မယ် ဆိုရင်တော့ ယုဇန ပလာဇာ၊ တော်ဝင်ပလာဇာ၊ ကက်ပီတယ်၊ ဂန္ဓမာလက်ကားဆိုင်၊ အိုးရှင်းပလာဇာ၊ ဂျန်ရှင်မော်တင်ပလာဇာစသည်တို့ဖြစ်ပါတယ်။အဲဒီကုန်တိုက်ကြီးတွေကတော့ အလွန်ပဲခမ်းနားပါတယ်။ အပေါ်ထပ် တွေကို တက်မယ်ဆိုရင်လည်းရွေ့လျားဓာတ် လှေကားတွေနဲ့ မမောမပန်းတက်နိုင်ပါ တယ်။ ရောင်းကုန်တွေကို ဖွဲ့စည်းထားတာလည်း အလွန်ပဲကြည့်လို့ကောင်းပါ တယ်။ ကုန်တိုက်အထဲ ကို လျှောက်ကြည့် မယ်ဆိုရင်လည်း လေအေးစက်တပ်ထား တာမို့ မပင်ပန်းပဲလျှောက်ကြည့် နိုင်ပါတယ်။
အလွန်မှစတိုင်ကျတဲ့အမျိုးသမီးဝတ်အမျိုးသားဝတ်အထည်တွေကလည်းစုံလင်လှပါတယ်။ မြင်သူတွေစွဲမက်လောက် အောင်အရောင်အသွေးတွေ၊ အဆင်ဆန်း နဲ့ ဆန်းဆန်းပြားပြားပုံစံတွေချုပ်လုပ်ထား ပါတယ်။ အိမ်အသုံးအဆောင်ပစ္စည်းတွေ ကို ကောကြည့်ဦးမလား၊ အင်မတန်မှ လိုချင်စရာတွေဖြစ်ပါတယ်။ အိမ်ထောင် ပရိဘောဂပစ္စည်းတွေ ဆိုရင်လည်း ခေတ် မီသားနားတဲ့ ပုံစံတွေပြုလုပ်ထားပါတယ်။ ပလပ်စတစ်အသုံး အဆောင်ပစ္စည်းတွေ ဆိုတာလည်း တကယ်ကိုမက်မောလောက် အောင်အရောင်အသွေးတွေနဲ့ ခြယ်လှယ် ထားပါတယ်။ ဇကာအမျိုးမျိုး၊ ထမင်းအုပ် ဆောင်းအရွယ်အစားစား၊ အ၀တ်ခြင်း၊ ဈေးခြင်းတောင်း၊ အမှိုက်တောင်း၊ တိုလီ မိုလီတင်တဲ့ စင်ကလေးတွေ အိုစုံလို့ပါပဲ လိုချင်စရာချည့်ပါပဲ။ မီးဖိုချောင်သုံးပစ္စည်း ကြည့်ဦးမလား။ စတီးအိုးအမျိုးမျိုး၊ ဓား၊ ညှပ်၊ အသီးအခွန်နွှာတာ၊ ခြစ်တာ၊ ဇွန်း အမျိုးမျိုး၊ ဂျိုင့်အရွယ်အစားစားတို့ဖြစ် တယ်။ အကုန်တောင်ကျွန်မမပြောနိုင်ပါ ဘူး။ များလွန်းစုံလွန်းလို့။ ကုန်တိုက်တွေမှာ တင်ထား တဲ့ပစ္စည်း တွေဟာ အမျိုးစုံသလိုဆန်းပြားမှု လည်းရှိ ပါတယ်။ သူတို့ဟာဈေးဝယ်သူအမျိုးသမီး တွေကို ၀ယ်ချင်အောင်မြူဆွယ်နေသလို ပါပဲ။ ကျွန်မတို့အိတ်ထဲက ပိုက်ဆံတွေကို ထွက်အောင်လုပ်နေကြပါ တယ်။ ဒီနေရာ မှာ ကျွန်မတို့စိတ်နိုင်ဖို့အရေးကြီးပါတယ်။ စကားတစ်ခုလည်း ရှိတယ်လေ။ (Buy What you need, don’t buy what you want) လိုအပ်တာပဲဝယ်၊ လိုချင်တာတွေ မ၀ယ်နဲ့တဲ့။ ကိုယ့်စိတ်ကိုဆုံးမဖို့ ကတော့၊ ကိုယ်ရတဲ့လခဟာဒီကုန်တိုက်ကြီးတွေမှာသုံးဖြုန်းလိုက်ဖို့ မဟုတ်ဖူးဆိုတာပါ ပဲ။မိသားစုအတွက်တခြားအိမ်သုံးစရိတ်တွေ ကျန်းမာရေးစရိတ်တွေ ရှိသေးတယ်ဆိုတာ ပါပဲ။ခြိုးခြံချွေ တာခြင်းဟာ မိမိနဲ့တကွ မိသားစုပါ အန္တရာယ်မဖြစ်စေဖို့ဖြစ်ပါ တယ်။ မိမိနဲ့ တကွမိသားစုရဲ့ ကျန်းမာရေး ကို အထူးဂရုစိုက်ဖို့ဖြစ်တယ်။ စိတ်ရော ကိုယ်ပါကျန်းမာကြဖို့လိုတယ်။
စာဖတ် သူတို့သိတဲ့အတိုင်းပဲ မကျန်းမာရင်ငွေမရှိ လို့ကတော့ မလွယ်တဲ့ခေတ်ကြီးမဟုတ်လား ။အိမ်မှာ ကိုယ်တိုင်ချက်ပြုတ် စားသောက်ခြင်းဟာ ချွေတာခြင်းကို အဓိကပံ့ပိုးမှု တစ်ခုဖြစ်ပါတယ်။ အိမ်ထမင်းဟင်းဟာ ငွေကုန်သက်သာသလိုကျန်းမာခြင်းနဲ့ လည်း ညီညွတ်ပါတယ်။ အိမ်မှာချက်တဲ့ ဟင်းလျာက ကယ်လိုရီတွေ၊ အဆီတွေ၊ အငန်တွေကို လျှော့ပေါ့ပြီးချက်တဲ့ အတွက် ကျန်းမာခြင်းနဲ့ ညီပါတယ်။
စားသောက်ဆိုင်တွေမှာ စားမယ်ဆိုရင် သူတို့က အချိုမှုန့်တွေသုံးတဲ့ အတွက် အငန်ဓာတ်တွေ များလို့ကျန်းမာရေးအတွက်မသင့်တော်ပါဘူး။ အိမ်မှာချက်တဲ့ ဟင်းတွေမှာ အချိုမှုန့်မသုံးရင် အကောင်း ဆုံးပါပဲ။
ကျန်းမာခြင်းဟာလာဘ်ကြီးတစ်ခု လို့ဆိုထားတဲ့အတိုင်း ကျန်းမာအောင်နေ ထိုင်ရင်ငွေအကုန် အကျသက်သာပါတယ်။ ဒါကြောင့် သင့်တော်တဲ့အစား အစာစား ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခန်းမှန်မှန် လုပ်ပါ။
ခြိုးခြံချွေတာခြင်းသက်ရောက်ဖို့ဆို တာ မိမိအိမ်နဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို မပျက် စီးရအောင်ကောင်း မွန်စွာထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ ဥပမာအိမ်အမိုး ပေါက်နေရင်ပေါက်တဲ့နေရာကို အမြန်ဖာလိုက် တာမျိုး၊ အိမ်ကြမ်းခင်းတစ်ခု ဆွေးနေရင်ဆွေးနေတဲ့သစ်ကိုအမြန်လဲလိုက်တာမျိုး၊ အကြီးစားမကုန်တော့ ဘူးပေါ့။
a stitch in time causes nine လက်ရှိပစ္စည်း တွေကို တရိုတသေသုံးစွဲ မယ်ဆိုရင်ကြာရှည်ခံမှာဖြစ် ပါတယ်။ အသစ်မ၀ယ်ရပဲ ကြာရှည်ခံတဲ့အတွက် ခြိုးခြံချွေတာရာ ရောက်ပါတယ်။ လူ့သဘာဝကအသစ် အဆန်းကို လိုချင်ကြပါတယ်။ ငွေမကုန်ရအောင်ကိုယ့်စိတ်ကိုချိုးနှိမ်ထားဖို့လိုပါ တယ်။ ချွေတာစုဆောင်း တယ်ဆိုတာအဓိပ္ပာယ် ရှိတဲ့လုပ်ရပ်တွေမှာ သုံးစွဲဖို့ လိုပါတယ်။ စာအုပ်တွေဝယ်ဖတ်တာမျိုးတ ကယ်လိုအပ်တဲ့ လူတွေကို ပေးကမ်းတာမျိုးလုပ်သင့်ပါ တယ်။ ကိုယ်နဲ့ မတော်တော့တဲ့အ၀တ် အစားများကိုလည်း ကိုယ်ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေကို ပေးလှူသင့်ပါတယ်။
မကြာခဏခရီးထွက်တာမျိုးကိုလည်းလုပ်သင့်ပါတယ်။ ခရီးထွက်ခြင်းဟာ စိတ်ကို ပျော်ရွှင်စေတယ်။ စိတ်ဝင်စားစရာပုံပြင် တွေဖြစ်ရပ်တွေနဲ့ လည်းကြုံရတတ်ပါတယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို သွားရောက် အပန်းဖြေတယ်ဆိုတာစိတ်အပြောင်း အလဲဖြစ်ပြီး ပျော်စရာတစ်မျိုး လည်းဖြစ်ပါတယ်။ ကိုယ်ရောက်တဲ့မြို့က ဘုရားပုထိုးတွေ ထင်ရှားတဲ့ အဆောက်အဦးတွေ ကိုလည်း သွားရောက်သင့် ပါတယ်။
ခရီး ထွက်တဲ့အခါမှာ ဉာဏ်အမျှော်အမြင်ကြီးကြီးနဲ့ ငွေအကုန်အကျ သက်သာအောင် ရိုးရိုးကလေးပဲခရီး ထွက်ပါ။ ခရီးထွက်တယ် ဆိုတာလည်း နေ့စဉ်ဘ၀အမောတွေကို ဖြေဖျောက်လိုက်တာပေါ့။
ဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေကလေးကို ချွေတာပြီးသုံးကြည့်ပါ။ ဘာဖြစ်ဖြစ်ဝယ် မယ်ဆိုရင် အရင်စဉ်းစားပြီး မှဝယ် ငွေဆိုတာသုံးတာလွယ်တယ်၊ ရှာဖို့ခက်တယ်။ အိမ်မှာရှိပြီးသားပစ္စည်းအပိုအလျှံတွေကို ဘယ်တော့ မှ မ၀ယ်ပါနဲ့။တချို့ပစ္စည်းတွေကိုကြတော့ အမှိုက်ဖြစ်သွားတာပဲ။
အမျိုးသမီးတွေဟာပိုပြီးတော့ ငွေစုတဲ့ အလေ့အကျင့်လုပ်ဖို့လိုပါတယ်။ ဘီယာ ဖိုးအရက်ဖိုးကုန် စရာမရှိ ဘူး။ ဒါဟာ ယောက်ျားတွေထက် အားသာချက်ပဲ။ ဈေးဖိုးထဲက တစ်နေ ၅၀၀ ကျပ်ပဲစုပါ။ တစ်လကို ၁၅၀၀၀၊ တစ်နှစ်ကို ၁၈၀၀၀၀ ကျပ် ကဲဘယ်လောက်ပျော်စရာကောင်းလဲ။ ခြိုးခြံချွေတာပြီး စုဖြစ်အောင်စု ပါ။ အဲဒီအရသာကိုတစ်နေ့သိလာလိမ့်မယ်။

မအေးဆေး
Hot News

No comments: