Wednesday, December 05, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ်အား တွေ့ဆုံနှုတ်ဆက်

Tuesday, December 04, 2012
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ဘရူနိုင်းဒါရု ဆလမ်နိုင်ငံ ဘုရင်မ
င်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ် ဘိုလ်ကီးယား မူအစ်ဇာ ဒင်ဝါဒူလာအား ယနေ့ နံနက် (၁၁)နာရီ (၄၅) မိနစ်တွင် ဘန်ဒါဆရီ ဘီဂါဝန်မြို့ရှိ Istana NurulImanaနန်းတော်၌်တွေ့ ဆုံသည်။ထိုသို့တွေ့ဆုံရာ တွင်နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်၊ စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးထင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဘရွှေ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဒုတိယ ဝန်ကြီးဦးဆက်အောင်၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီအတွင်းရေးမှူး ဦးခက်ထိန်နန်၊ ဘရူနိုင်းဒါရုဆလမ် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဒေါ်ယဉ်ယဉ်မြင့်နှင့် ဌာနဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြပြီး ဘရူနိုင်းဒါရုဆလမ်နိုင်ငံဘုရင်မင်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ်ဘိုလ် ကီးယားမူအစ်ဇာဒင်ဝါဒူလာနှင့်အတူတော်ဝင် မိသားစုများ၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အိမ်ရှေ့မင်းသားHRH. Prince Mohammad Bolkiahနှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများလည်း တက်ရောက်ကြသည်။ယင်းသို့ တွေ့ဆုံရာ၌ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ်က နိုင်ငံတော် သမ္မတ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အားနန်းတော် ဧည့်ခန်းမ၌ ရင်းနှီးခင်မင်စွာဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ခဲ့သည်။

မြ၀တီ

No comments: