Monday, December 03, 2012

အာဆီယံကားမောင်းပြိုင်ပွဲကို မြန်မာတွေ သောင်းသောင်းဖြဖြ အားပေးစေချင်တယ် မေသဉ္ဇာဦး

Monday, 03 December 2012
၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံ အတွက် ထူးခြား တဲ့ နှစ်လို့ ဆိုရမှာပါ။ အဲဒီ ထူးခြားမှုတွေ ထဲက အာဆီယံနဲ့ အန္ဒိယ ချစ်ကြည်ရေး ကား မောင်း ပြိုင်ပ
ွဲမှာ မြန်မာနိုင်ငံက ပြည်သူချစ် အနုပညာ ရှင်တွေ ပါဝင် လာတာလည်း ထူးခြားမှု တစ်ခုပါ။
ကား မောင်းပြိုင်ပွဲကို အာဆီယံနဲ့ အိန္ဒိယ နိုင်ငံတွေ ထဲမှာ ရှိတဲ့ လမ်းတွေကို ၂ ၂ ရက်ကြာ ဖြတ် သန်း မောင်းနှင်ရမှာ ပါ။ မြန်မာနိုင်ငံ ကိုယ်စားပြု ဒါရိုက်တာ ကိုပေါက်၊ ဝေဠုကျော်၊ မေသဉ္ဇာဦး၊ ဆုပန်ထွာနဲ့ SKYNET ရုပ်သံလိုင်းမှ လေးဦး စုစုပေါင်း ရှစ်ဦးပါဝင်ကြမှာဖြစ်ပါတယ်။ အာဆီယံ ကားမောင်းပြိုင် ပွဲအတွက် မဇာကြီးရဲ့ ပြင်ဆင် မှုတွေ ပြောပေးပါ။မဇာတို့ နိုဝင်ဘာ (၂၃) ရက်နေ့သွားမှာဆိုတော့ စားစရာတွေနဲ့ လိုအပ် တဲ့ဆေးဝါးတွေပြင်ဆင်နေပါ တယ်။ မောင်းချိန်နဲ့ ဘယ်လိုတွေ အစီအစဉ်ဆွဲထားလဲမသိရသေးဘူး။ အရေးတကြီးလိုမယ်ထင်တာလေး တွေစုထားတယ်။

ကားမောင်းဘယ်အချိန် ကတည်းကသင်ထားတာလဲ

၈၉-၉၀ ခုနစ်က လောက်ကသင်ထားတာပါ။

ကားပြိုင်ပွဲမှာ မဇာပါဝင်ရတဲ့ခံစားမှု

မဇာက ပြိုင်ချင်လို့ကို စာရင်းပေးလိုက်တာ။ မဇာကား မောင်းချင်တာပြိုင်ခွင့်ရတယ်ဆိုတော့ ပျော်ပါတယ်။ ကားက သူများနိုင် ငံတွေပါဖြတ်ပြီးမောင်းရမှာဆိုတော့ မောင်းကြည့်ချင်တာ။

ကားမောင်းရမယ့်ရက်က

တစ်လနီးပါးကြာမယ်။ စင်ကာပူကနေစမောင်းမှာ

မြန်မာနိုင်ငံကို ဘယ်ရက် တွေမှာဖြတ်မှာပါလဲ။

မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်ဖြတ်မယ်။ ၁၄ ရက်နေ့မှာ ကလေးကနေပြန် ထွက်မယ်။ မြဝတီ၊ ဖားအံ၊ နေပြည်တော်၊ မန္တလေး၊ ကလေး၊ တမူးမြို့တွေကို ဖြတ်ပါမယ်။

ပြိုင်ပွဲ တောက်လျှောက်မှာ မြန်မာပြည်ရဲ့ ပရိသတ်တွေ ကိုမဇာ ပြောချင်တဲ့ စကား

အားပေးပါလို့။ ရှေ့ကနှစ် တွေမှာ ဒီပြိုင်ပွဲ အကြောင်း စာအုပ်တွေဖတ်ရတော့ ကိုယ့်မြန် မာနိုင်ငံ တစ်ခုပဲ သောင်းသောင်းဖြဖြ ကြိုဆိုတာ မတွေ့ရဘူး။ မဇာစာ အုပ်ဖွင့် ကြည့်လိုက်တဲ့ အချိန်မှာ သူများနိုင်ငံတွေက သေသေချာချာ ကြိုဆိုထားတာ မြင်ရတော့ ဒီပွဲလေး ကိုတော်တော် အလေးထားတာ တွေ့ ရတယ်။ ကိုယ့်နိုင်ငံမှာလည်း သွားတဲ့လမ်းတွေရိုက်ထားတာပဲတွေ့ ရတော့ စိတ်ထဲမှာ တစ်မျိုးကြီး တောင်ဖြစ်သွားတယ်။

ဒီဘက်နှစ်ပိုင်း မြန်မာနိုင်ငံရဲ့ အနေအထားပေါ် မဇာရဲ့အမြင်

အားလုံး ပြောင်းလဲ လာတာ အားလုံးကောင်းပါတယ်။ ကမ္ဘာ့ ထိပ်သီး ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာတယ် ဆိုတာက လည်း ကိုယ့်မြန်မာနိုင်ငံမှာ နှစ် ပေါင်း များစွာ မကြားဖူး ဘူးလေ။ ခုကြားလည်း ကြားရသလို မြင်လည်း မြင်ရတယ်။ ပျော်စရာကောင်းပါ တယ်။ လူကြီးတွေကောင်းတဲ့ ကိစ္စ ရပ်တွေဆွေးနွေးကြမယ်ထင်ပါတယ်။

ကားမောင်း ပြိုင်ချင်တာ ငယ်ငယ်ကတည်းကစိတ်ကူးလား

ဒီလို ကားမောင်း ပြိုင်ခွင့်ရ မယ်ဆိုတာ ဒီနိုင်ငံအနေနဲ့ ဘယ်သူ မှစိတ်ကူးကြမှာ မဟုတ်ပါဘူး။ မဇာတို့က ခုပြိုင်ကားမောင်းရမှာ မဟုတ်ဘူး။ အားလုံး ထင်နေကြတာ က ပြိုင်ကြမယ်ဆိုပြိုင်ကားမောင်းရ မယ်ထင်နေတာ။ off Road မောင်းတဲ့ကားကြီးတွေမောင်းရမှာ ဆိုတော့ မောင်းနေကျဆိုတော့ ကိစ္စမရှိဘူး။ လမ်းတွေအနေနဲ့ကျ
တော့လည်း ပြင်ဦးလွင်ကနေ ရန်ကုန်ကိုတောင်ကိုယ်တိုင်မောင်းတာ ဆိုတော့ အတွေ့အကြုံရှိတယ် ဆို တော့ မောင်းချင်နေတာနဲ့ပါဝင် ဖြစ်တာပါ။

မေသက်
8 Days

No comments: