Monday, 03 December 2012
တောင်ကိုရီးယားနိုင်ငံ သည် ကမ္ဘာပတ် လမ်းကြောင်း အတွင်း ဂြိုဟ်တုလွှတ်တင်မည့် အစီအစဉ်အား လာမည့် ၂၀၁၃ ခုနှစ်အထိရွှေ့ဆိုင်း လိုက်ကြောင်း တာဝန်ရှိသူများက ယနေ့ (ဒီဇင်ဘာ

၃ ရက်) ထုတ်ပြန်ပြောကြားသည်။ နည်းပညာပိုင်း ဆိုင်ရာ ပြဿနာကြောင့်
ဂြိုဟ်တုအား KSLV-1 အာကာသဒုံးပျံဖြင့် လွှတ်တင်မည့် မူလအစီအစဉ် ကို
ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။ KSLV-1 ဖြင့် ဂြိုဟ်တုလွှတ် တင်မှုကိုယခုလ အတွင်းပြု လုပ်တော့မည် မဟုတ်ကြောင်း သိပ္ပံနည်းပညာ ဝန်ကြီးဌာနမှ
တာဝန်ရှိသူက ပြောသည်။
ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၂၆ ရက်တွင် ဂြိုဟ်တုလွှတ်တင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ချွို့ယွင်းမှု တွေ့ရှိရသဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။ ထို့နောက် ဒီဇင်ဘာ ၁၀ ရက်မှ ၂၂ ရက်အကြား လွှတ်တင်ရန် နောက်တစ်ကြိမ် စီစဉ်ခဲ့သော်လည်း ယခုကဲ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။ ယခုအကြိမ်သည် တောင်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်ရန် တတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်သည်။
တောင်ကိုရီးယားသည် အာရှ၏ အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့နည်းတူ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဂြိုဟ်တုလွှတ်တင်ရန် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကပင် စတင်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်းကလည်း KSLV-1 ဖြင့် ဂြိုဟ်တုလွှတ်တင်ရန်ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။
Planet Myanmar Network

No comments:
Post a Comment