Thursday, December 06, 2012

ရေး ရဲစခန်း လူ့အခွင့်အရေးချိုးဖောက်

Thursday, December 06, 2012
ရေး မြို့နယ်ရှိ ရဲများသည် အပြစ် မရှိသောလူများကို လိုက်လံဖမ်းဆီးပြီး နည်းမျိုးစုံဖြင့်ရိုက်နှက် စစ်ဆေး ကာ တရားခံ အဖြစ်အတင်းအကျပ် ၀န်ခံခိုင်းခဲ့မှုများ အများအပြားရှိခဲ့ကြောင်းသိရသည်။
မနွယ်နီနှင့် အလုပ်သမား စိန်ပန်းဆိုသူတို့အား ချဲရောင်းသည်ဟုစွပ်စွဲပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ က မတရားဖမ်းဆီးခဲ့မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ရေးမြို့နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သူခိုး ဓားပြမှုများ၊ မူးယစ်ဆေးဝါး မှုများ၊ လာဘ်ပေး လာဘ်ယူမှုများ၊ တရားမ၀င် လုပ်ငန်းကြီးများ များစွာပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေ မှုများရှိသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိဘဲ အခြေအမြစ်မရှိသော နောက်ခံ background မရှိသောသူများကိုသာ တရားခံအဖြစ် မတရားရိုက်နှက် စွပ်စွဲပြီး ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။

ဧရာဝတီ

No comments: