Thursday, December 06, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟုမြန်မာ့စီးပွားရေးဦးပိုင် ပြောကြား

Thursday, 06 December 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ဆုံးဖြတ်ချက် အတိုင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်းမြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေးနီစီမံကိန်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

''နိုင်ငံတော်အစိုးရကဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ဒါ့ကြောင့်ဒီကော်မရှင် အဖွဲ့ရဲ့ဆုံးဖြတ်ချက်အ တိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မြန် မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေး နီစီမံကိန်းဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဖွဲ့ဝင်၁၆ ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wanbao Mining Copper Limited တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group

No comments: