Friday, December 07, 2012

ငွေကျပ်သိန်း၂၀၀၀ကျော်တန်းရှိရတနာပစ္စည်းများခိုးယူခံရ

ရန်ကုန် ဒီဇင်ဘာ ၆
ဒီဇင်ဘာ ၂ ရက်နံနက် ၁၀ နာရီခွဲ ခန့်တွင်တာမွေမြို့နယ် နတ်မောက်ရပ်ကွက်နေ စူပါဝမ်းကုမ္ပဏီ လီမိတက် အထွေထွေမန်နေဂျာ ဦးဇော်မြင့်(၅၉)နှစ်သည် ကျိုက္ကဆံစူပါဝမ်း ကုန်တိုက်သို့ ရောက်ရှိနေစဉ် မဂ်လာတောင်ညွှန့်မြို့နယ် (၁၂၃)လမ်းရှိ စူပါဝမ်းကုမ္ပဏီရုံးချုပ်သို့ ၀န်ထမ်း မနွယ်နီအောင်က ဖုန်းဖြင့်ဆက်သွယ်၍ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဗညားဒလလမ်းနှင့် ဦးထွန်းမြတ် လမ်းထောင့် မ/၃၉/၄၁ ရှိ စူပါဝမ်း ကုမ္ပဏီပိုင်ရှင် ဒေါ်စန်းစန်းရီ (စင်ကာပူ နိုင်ငံသို့ ခရီသွားနေသူ)နေအိမ် အတွင်းပစ္စည်းများပြန့်ကျဲနေကြောင်း ဆက်သွယ်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့သည်။ထိုသို့ စစ်ဆေးပြီး စင်ကာပူနိုင်ငံဒေါ်စန်းစန်းရီထံ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာ ၄င်းတို့ပြောပြချက် အရ ဒေါ်စန်းစန်းရီ အိပ်ခန်းရှေ့ရှိ ကျွန်းစားပွဲနှင့်သမီးဖြစ်သူမအေးသီတာအောင်၏ အိပ်ခန်းအတွင်း ထားရှိ သောမီးခံသတ္တာမှ ရိုလက်နာရီတစ်လုံး၊လက်စွှပ်၊ဆွဲကြိုး၊လက်ကောက်၊နားကပ်၊လော့ကပ်သီး တန်းဖိုးကျပ် သိန်း ၁၀၀၀ ခန့်နှင့်မြန်မာကျပ်ငွေးသိန်း ၄၀ ပတ္တမြား၊နီလာ၊ပုလဲ၊ကျောက်စိမ်းများပါရှိသော လက်စွပ် ၁၀ ကွင်း၊စိန်လော့ကပ်သီးနှစ်ခု၊ စိန်ဝမ်းဆက် တစ်စုံ၊ စိန်လက်ကောက်တစ်ကွင်း၊ ရိုးလက်နာရီတစ်လုံး၊လက်စွပ်သုံးကွင်း၊ငွေးကျပ် သိန်း ၅၀ နှင့်ယူအက်စ်ဒေါ်လာ ၂၀၀၀ စုစုပေါင်း တန်းဖိုးကျပ်သိန်း ၂၁၀၁ ခန့်ပျောက်ဆုံး နေကြောင်းသိရသဖြင့် ခိုးယူသူအား အရေးယူပေးရန်ဦးမြင့်ဇော်မှ တရားလိုပြုတိုင်တန်းသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာမွေရဲစခန်းမှ(ပ)၁၄၁၂/၁၂ ပုဒ်မ ၃၈၀ ဖြင့် ဒီဇင်ဘာ၂ ရက်တွင် အမှုဖွင့်ပြိး အမှုစစ်ရဲအုပ် အောင်ကျော်ဌေး(စခမ)မှ တရာခံဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိသည်။

ကြေမုံသတင်းစာ

No comments: