Thursday, December 06, 2012

ဆော့ဖ်ဝဲလ်ပိုင်း သီးသန့်ပြပွဲ ပြုလုပ်ရန်ရှိ

Thursday, December 06, 2012
ဆော့ဖ်ဝဲလ်ပိုင်းတွေ ကိုသာ သီးသန့်ပြသ သွားမယ့် ပြည်တွင်းရဲ့ ပထမဆုံး ပြပွဲကို လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ ကနေ ၉ ရက်နေ့မှာ ၂ ရက်ကြာကျင်းပပြုလုပ် သွားမယ်လို့ Ya
ngon Heartz Media and Business မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကျင်းပမှုကို Myanmar ICT Park မှာကျင်းပ ပြုလုပ် သွားမှာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ Mobile Applicaton များ၊ Computer နဲ့ပတ်သက်တဲ့ Application များ၊ လုပ်ငန်းသုံး ဆော့ဖ်ဝဲ များကို ပါဝင်ပြသ သွားမှာဖြစ် ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ရေးသား ထားတဲ့ ဆော့ဖ်ဝဲလ်များ၊ တင်သွင်းရောင်းချ သူများ နဲ့ သင်တန်းများ ပို့ချသူတို့ရဲ့ Application များကိုလည်း တစ်နေရာတည်း မှာ လေ့ လာ နိုင်အောင် ပြ သပေးမှာ ဖြစ်ပါတယ်။
အဆိုပါ ဆော့ဖ်ဝဲလ် သီးသန့် ပြပွဲကို လူငယ်များ ဆော့ဖ် ၀ဲလ်ပိုင်းနဲ့ ပတ်သက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေဖို့ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီပြပွဲမှာ Application များ၊ စီးပွားရေးနဲ့ ကုန်ထုတ် လုပ်ငန်းသုံး Commercial Software Application များ ပါဝင်ပြသမယ့် အပြင် လာရောက် ပြသမယ့် ကုမ္ပဏီ တွေရဲ့ ကုန်ပစ္စည်း ကြော်ငြာတွေနဲ့ Application များဆိုင်ရာ ဆွေးနွေး မှုတွေကိုပါ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲလ် ဆိုင်ရာ ပြပွဲမှာ ပြည်တွင်း အခြေစိုက် ကုမ္ပဏီ ၃၀ ၀န်းကျင်က လာရောက် ပြသမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


MRTV - 4

No comments: