Thursday, December 06, 2012
FMI ကုမ္ပဏီမှ မြန်မာတစ်နိုင်ငံ လုံးကို ပြေးဆွဲမည့် စင်းလုံးငှားလေ ယာဉ်ခရီး စဉ်ကို စ တင် မည်ဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးသိမ်းဝေ က ပြောကြားသည်။ ယင်းသို့ ဆောင် ရွက် နိုင်ရေးအတွက် ကိုယ်ပိုင်လေကြောင်း လိုင်းတစ်ခု တည်ထောင်ရန် အတွက် လိုင် စင်လျှောက် ထားရာ သက်ဆိုင်ရာနှင့် သဘောတူမှု ရရှိနေပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သော စက်တင်ဘာလက SPA Myanmar ကုမ္ပဏီနှင့် ပူးပေါင်းပြီး FMI Air Charter ကုမ္ပဏီကို တည် ထောင်ကာ ရန်ကုန်- နေပြည်တော် စင်းလုံးငှား လွန်းပြန်လေယာဉ်ပြေး ဆွဲမှု စတင်ခဲ့ကြောင်း သိရသည်။ FMI ကုမ္ပဏီ၏ ကိုယ်ပိုင် လေကြောင်းလိုင်းကို လာမည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် အပြည့်အဝ လုပ်ကိုင်ခွင့်ရရှိ နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment