Thursday, December 06, 2012
လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပက်သက်ပြီး မန္တလေး၊ ရန်ကုန်အပါအ၀င် အခြားဒေ သအသီးသီးမှ သံဃာတော်များက ထုတ်ပြန် ချက်အသီးသီး ထုတ်ပြန်ခဲ့ပြီး ၅ ရက်အတွင်း ထူးခြားမှုမရှိသောကြောင့်ယနေ့ နေ့လယ် ၁ နာရီတွင် မန္တလေး၌ ထိုင်သပိတ် စတင်မည်ကြောင်း သိရသည်။နိုင်ငံတော်အစိုး ရသို့အထက် ဗမာပြည် သံဃာ တော်များမှ လက်ပံတောင်း တောင်အကြမ်း ဖက်နှိမ်နင်းမှုနှင့် ပက်သက်၍ တောင်းဆိုမှုများ ပြု ခဲ့သော်လည်း ၅ ရက်လွန်သည်အထိ ထူးခြားခြင်း မရှိသောကြောင့် စတင်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့စတင်သည့် ထိုင်သပိတ်တွင် တောင်းဆိုချက် ၅ ချက်ပါဝင်ပြီး နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသော သံဃာတော် များကို အမြန်ဆုံးဝန်ချတောင်းပန်ရန်၊ အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာ အရေးယူရန်၊ ကြေးနီစီမံကိန်းကြောင့် ဖမ်းဆီးထားသူများကို ချက်ခြင်းပြန်လွှတ်ပေးရန်၊ ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်၊နှင့် ဒီမိုကရေအစိုးရ စစ်စစ် တစ်ရပ်ပေါ်ပေါက်လာရန်အချက်များ အပါအ၀င်ယခုကဲ့သို့ အကြမ်းဖက် မှုများ နောက်နောင် မပေါ်ပေါက်စေရန်အတွက် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများအား အမြန်ဆုံးနုတ်ထွက်ပေးရန် ပါရှိသည်။
မန္တလေးရှိသံဃာတော်များ ထိုင်သပိတ်ဆင်နွဲနေသည့် အချိန်အတွင်း ရန်ကုန်နှင့် တောင်ကြီးမြို့ရှိ ဆရာတော်၊ သံဃာတော်များကလည်း ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာ့ခေတ်

No comments:
Post a Comment