Sunday, December 30, 2012

အရပ်ဖက်ပစ်မှတ်များကိုတိုက်ခိုက်ခြင်းမရှိဟု အစိုးရတပ်မှ အရာရှိတစ်ဦးဆို


                   ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများအတွင်း အရပ်ဖက်ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ကချင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် အရာရှိကြီး တစ်ဦးကဆိုပါသည်။ “ကျွန်တော်တို့ အရပ်ဖက်ပစ်မှတ်တွေကိုလုံးဝမပစ်ပါဘူး၊ အထက်ကလဲအရပ်ဖက်ပစ်မှတ်တွေကို မပစ်ဖို့ အမိန့် ထုတ်ထားပါတယ်။ ကျွန်တော့်လက်အောက်ကတပ်တွေကိုလဲ အရပ်ဖက်ပစ်မှတ်ကို လုံးဝမထိ ဖို့ ညွှန်ကြားထားပါတယ် ” ဟုဆိုပါသည်။ ထို့ပြင် ၎င်းက “ကျွန်တော်တို့ စစ်သည်တွေထိခိုက်ကျဆုံးမှုတွေ အများဆုံး ဖြစ်တာက အရပ်ဖက်ပစ်မှတ်တွေကို ရှောင်နေလို့ပါ။ ကျွန်တော်တို့ကမပစ်ပေမဲ့ KIA ကတော့ အရပ်သားတွေကိုအကာအကွယ်ယူပြီး ကျွန်တော်တို့ကို တိုက်ခိုက်တာတွေရှိပါတယ်။ အခု KIA ရှေ့တန်း
မှာ စစ်တိုက်ခိုင်းနေတဲ့ စစ်သားလေးတွေဟာ မနေ့တစ်နေ့ကမှ လူသစ်စုသင်တန်းတစ်ပတ်နှစ် ပတ်ပေး ပြီး သေနတ် ဆင်ပေးလိုက်တဲ့ ရှမ်းလူမျိုးတွေများပါတယ်။ မသိနားမလည်တဲ့ ကလေးစစ်သားတွေ ကို ရှေ့တန်း ကနေအသေခံတိုက်ခိုင်းနေကြပါတယ်’’ ဟု ပြောဆိုသွားသည်။ Internet တွင်တွေ့ရှိရသော KIA မှ စွပ်စွဲထားသည့် အရပ်သားများဒဏ်ရာရသည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းမှ အဲ့ဒါတွေလုံးဝ မမှန်ပါဘူး၊ သေတဲ့လူဆိုတဲ့ သူဟာလဲ KIA စစ်သားပါ၊ တစ်ပုံထဲမှာ KIA စစ်ဝတ်စုံတောင်မချွတ်ထားပါဘူး၊ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေဟာလဲ KIA ရဲ့ဝါဒဖြန့်မှုသက်သက်တွေပါဟု ပြောဆိုသွားသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့ထိ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး နေ့လည် ၁၂ နာရီခန့်တွင် လိုင်ဇာသို့စိုးမိုး ထားသော လဂျားယန် တောင်ကြား တစ်ခုလုံးအား အစိုးရတပ်များက ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရှိရသည်။

No comments: