မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက်
KIA နှင့် တိုက်ပွဲများဖြစ်ပွားနေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန်
အစီအစဉ်မရှိကြောင်း စစ်တပ်မှအရာရှိတစ်ဦးမှ ပြောဆိုသွားသည်။
``ကျွန်တော်တို့အနေနဲ့ လူနေတဲ့ဒေသတွေကို တိုက်ခိုက်ဖို့
အစီအစဉ်မရှိသလို မူလဲမရှိပါဘူး
´´ ဟု ပြောဆိုသွားသည်။ လဂျားယန်တွင်
ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ ၎င်းမှ
လဂျားယန်ဒေသမှာ စစ်တပ်မှ
အကြီးအကျယ် ထိုးစစ်ဆင်နေတယ်ဆိုတာ မဟုတ်ပါဘူး။
လဂျားယန်မှာ
ကျွန်တော်တို့တပ်က စခန်းတစ်ခုရှိပါတယ်။
အဲဒီစခန်းကို လစဉ်ရိက္ခာပို့တာတွေ အုပ်ချုပ်မှုကိစ္စဆောင်ရွက်
တာတွေအတွက် အနည်းဆုံးတစ်လတစ်ခါသွားရပါတယ်။ အဲဒီစခန်းကို
ရိက္ခာသွားပို့တိုင်းပို့တိုင်း KIA အဖွဲ့က
မိုင်းဆွဲတိုက်တာတွေ ခြုံခိုတိုက်တာတွေ အမြဲတမ်းလုပ်ပါတယ်။
ဒါကြောင့် ရိက္ခာပို့တိုင်း ကျွန်တော်တို့ဆီက
ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။
ဒီလ ၁၄
ရက်နေ့ကလည်း လဂျားယန်စခန်းကို ရိက္ခာသွားပို့တဲ့
အင်အား ၅၀
ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းကို KIA ၅၀၀ လောက်က
မိုင်းဆွဲခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ၁၀
ဦးကျဆုံးပြီး ၅
ဦး အဖမ်းခံခဲ့ရပါတယ်။ အဲဒီ လဂျားယန်မှာရှိတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို
အခုအချိန်ထိ ရိက္ခာမပို့ရသေးပါဘူး။ အခုတိုက်ပွဲဖြစ်နေတယ်ဆိုတာ မပခ
တိုင်းမှူး ကြိုတင်ကြေငြာခဲ့တဲ့အတိုင်း `` လဂျားယန်စခန်းအတွက်
အုပ်ချုပ်မှုကိစ္စဆောင် ရွက်နေ ခြင်း ဖြစ်ပါတယ်´´ဟု
ပြောဆိုသွားသည်။ အစိုးရ၏
စစ်တပ်အုပ်ချုပ်မှုဆောင်ရွက်မည့် လဂျားယန်စခန်း သည် လိုင်ဇာမြို့အနောက်ဖက်
၈ မိုင်ခန့်အကွာတွင်ရှိပြီး ၎င်းစခန်းသည်
လိုင်ဇာဌာနချုပ်အား စိုးမိုးထားသည့် အနေအထားတွင်ရှိသည်။
၎င်းတောင်ကြောတွင် KIA တပ်ဖွဲ့နှင့်
ABSDF ပူးပေါင်းအင်အား ၅၀၀
ခန့်ရှိကြောင်းနှင့် ၎င်းတို့အနီးတွင် မြန်မာအစိုးရ၏
တပ်စခန်းတစ်ခုရှိကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူး
အေးမင်းမှ ပြောပါသည်။
ယခုလဆန်းရက်နေ့ကလဲ ရိက္ခာပို့သည့် စစ်ကြောင်းအားKIA
နှင့် ABSDF ပူးပေါင်း
တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အစိုးရ၏
ဒဏ်ရာရစစ်သည်များကို ဖမ်းဆီးရမိသည့်
Video File များဖြင့် Internet တွင်
ဝါဒဖြန့်ချိရေးအသွင်ဖြင့် တင်ထားကြောင်းသိရှိရသည်။
No comments:
Post a Comment