မာဖီးယား
ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ
၎င်းနေထိုင်ရာ နေအိမ် အတွင်း၌ အီတလီနှင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက
ဒီဇင်ဘာ ၇ ရက်က ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အင်တိုနီယိုမက်ဆီကာတီဗီတာလီအမည်ရှိအဆိုပါမာဖီးယား ခေါင်းဆောင်သည် ခြိမ်းခြောက်ပြီး ငွေညှစ်မှုဖြင့် ယခင်ကထာင်ဒဏ်၁ဝစ်ကျခဲ့ဖူးသူဖြစ်ပြီး၎င်းသည်၁၉၉ဝပည့်လွန်နှစ်များက ဖြစ်ပွားခဲ့သော သွေးချောင်းစီး သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့် စစ္စလီကျွန်းရှိ မာဖီးယား ရာဇဝတ် ဂိုဏ်း၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်
ဟု ယူဆရကြောင်း သိရသည်။
ထောက်လှမ်းရေး များသည် ဗီတာလီ၏ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက် များမှ တစ်ဆင့် သတင်း ယူစုံစမ်းမှုများ ပြုလုပ်ပြီး
နောက်ပိုင်းတွင် ၄င်းအား ဘာလီကျွန်းတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ဗီတာလီကို ယခုအခါ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment