
အင်ဒိုနီးရှား အားကစားရေးရာ ဝန်ကြီး အန်ဒီမာ လာရမ်ဂျန်းသည် အကျင့်ပျက် ခြစားမှုတွင် ပါဝင်ခဲ့ဖွယ် ရှိဟု စွပ်စွဲ ခံရပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။
မစ္စတာ မာလာရမ်ဂျန်းအား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က အနောက် ဂျာနယ်ပြည်နယ် ဘိုဂါမြို့ရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ အားကစားရုံကြီး တည်ဆောက်မှုတွင် စီမံခန့်ခွဲမှု မှားယွင်းခဲ့သည်ဟု စွပ်စွဲ ခဲ့ကြောင်း သိရသည်။မစ္စတာ မာလာရမ်ဂျန်းသည် ယင်းစွပ်စွဲချက်အား ငြင်းဆိုထားပြီး ၄င်းသည် ၂ဝဝ၃ ခုနှစ် ကော်မရှင် စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် လက်ရှိတာဝန် ထမ်းဆောင်ဆဲ အကျင့်ပျက် ခြစားသူ ဝန်ကြီးဟု စွပ်စွဲခံရသူ တစ်ဦး ဖြစ်ခဲ့သည်။
၎င်းသည် ၂ဝဝ၉ ခုနှစ် ဝန်ကြီး ဖြစ်မလာမီ အချိန်တွင် သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ရာ ၄င်းရာထူးမှ နုတ်ထွက်ခြင်းသည် သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို အတွက် ဂုဏ်သိက္ခာ ကျဆင်း စရာ ဖြစ်လာနိုင်ကြောင်း သတင်း မီဒီယာများ၏ ပြောကြားချက် အရ သိရသည်။
မစ္စတာ မာလာရမ်ဂျန်းအား လုပ်ပိုင်ခွင့် အာဏာ အလွဲသုံးစားမှုဖြင့် တရားစွဲ ဆိုသွား မည်ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် အနှစ် ၂ဝ အထိ ကျခံရ ဖွယ်ရှိကြောင်း အကျင့် ပျက်ခြစားမှုတိုက် ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ အေဘရာ ဟမ်ဆမက်က ပြောကြား ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment