''လေယာဉ်အခက်အခဲကြုံရတာ အဓိကပေါ့။ လေယာဉ်မရလို့ ကားစီစဉ်ပြီးသွားရတာတွေ ရှိတယ်။ ပုဂံကနေ အင်းလေး၊ တောင်ကြီးကိုလေယာဉ်မရလို့ ကားစီစဉ်ခဲ့ရတာတွေ ရှိတယ်။ ပြီးတော့ အခန်းပြဿနာနဲ့ ဧည့်လမ်းညွှန် ရှာမရတာတွေလည်း ကြုံခဲ့ရတယ်'' ဟု ခရီးသွားကုမ္ပဏီတစ်ခု၏ အထက်မြန်မာပြည် အထွေထွေမန်နေဂျာတစ်ဦးက ပြောပါသည်။
''ဧည့်သည်တွေအတွက် အခန်းမရလို့ ရတဲ့အခန်းစီစဉ်ရတာတွေ ရှိသလို
ဧည့်လမ်းညွှန်အတွက် အခန်းမရှိတော့လို့ ဘုန်းကြီးကျောင်းတို့နီးစပ်ရာ
မိတ်ဆွေတွေဆီတို့မှာ တည်းခဲ့ရတာတွေရှိတယ်'' ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။
''ဒေသတွင်း ဧည့်လမ်းညွှန်လိုအပ်ချက်အတွက် regional guide သင်တန်းတွေ
အမြန်စီစဉ်ပေးဖို့တော့ ၀န်ကြီးက မကြာသေးမီက ပုဂံခရီးစဉ်မှာ
လမ်းညွှန်သွားတယ်။ ဒါပေမယ့် ခုချိန်က အလုပ်များနေတော့ ဧည့်ပါးချိန်လောက်မှ
စမယ်ထင်တယ်'' ဟုခရီးသွားကုမ္ပဏီတစ်ခု၏ မန်နေဂျာက ဆိုသည်။
ဝန်ဆောင်မှုလိုအပ်ချက်ကြောင့် ခရီးသွားများပြန်လည်ထွက်ခွာသွားမည်ကို ဧည့်လမ်းညွှန်အများစုက စိုးရိမ်
လျက်ရှိကြောင်းလည်း သိရသည်။

No comments:
Post a Comment