Friday, December 07, 2012

ရွှေတိဂုံ စေတီတော် စုပေါင်း သွေးလှူဒါန်းပွဲ လာရောက် လှူဒါန်းနိုင်

Friday, December 07, 2012
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် (၁၆)ကြိမ်မြောက် ဒါနဥပ ပါရမီ စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် စေတီတော် ရာဟုထောင့်ရ
ှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသွေး လှူဒါန်းပွဲ တွင် ရွှေတိ ဂုံ စေ တီတော် ပေါ်၌ မိမိ၏ သွေးကို လှူဒါန်း ရခြင်းသည် မွန်မြတ် လှသည်ဟု ယူဆကာ လှူဒါန်း ကြသူများ ရှိသလို လေးလတစ်ကြိမ် လှူနေကြ ဖြစ်၍ လှူဒါန်း သူများလည်း ရှိကြောင်း၊ အချို့မှာ ဘုရားဖူး လာရင်း လှူဒါန်း သွားသူများလည်း ရှိကြောင်း၊ ကိုယ် တိုင် သွေးမလှူ နိုင်သော်လည်း သွေးလှူသည့် ပုဂ္ဂိုလ်များ ကျန်းမာစေရန် ရည်ရွယ်၍ အားဆေးများ၊ နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး များနှင့် အအေးများ စသည့် အာဟာရ ဒါနများ လာရောက် လှူဒါန်း သူများလည်း ရှိကြောင်း သိရသည်။ အဆိုပါ သွေးလှူဒါန်းပွဲ တစ်ကြိမ်လျှင် သွေးလှူရှင် ၆ဝဝ မှ ၈ဝဝ အထိ လာရောက် လှူဒါန်းလေ့ ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါ ပက အဖွဲ့ တာဝန်ရှိသူ ထံမှ သတင်း ရရှိသည်။

မြ၀တီ

No comments: