Thursday, 27 December 2012
ဝယ်လိုအား ရှိနေသဖြင့် ရန်ကုန် ဒေါ်လာ ဈေးကွက်အတွင်း ဈေး ပြန်လည်
မြှင့်တက်လာကြောင်း စုံစမ်း သိရှိရသည်။
“ငွေကြေး လဲလှယ်ခွင့်ရ စင်တာတွေမှာ ဒီဇင်ဘာ တတိယပတ်ရဲ့ ၁၇ ရက်နေ့က ၁ ဒေါ်လာကို ဝယ်ဈေး ၈၄၇ ကျပ်၊ ရောင်းဈေး ၈၅၄ ကျပ်။ ဒီဇင်ဘာ ၂၁ မှာ ၁ ဒေါ်လာကို ဝယ်ဈေး ၈၅၂၊ ရောင်းဈေး ၈၅၈ ကျပ်အထိ မြှင့်လာတာ တွေ့ရတယ်” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရ
ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁ ဒေါ်လာလျှင် ဝယ်ဈေး ၈၅၂ ကျပ်၊ ရောင်းဈေး ၈၅၈ ကျပ်ဖြင့် လေးရက် ဆက်တိုက် ဈေးဆက်လက်
မြင့်နေရှိသည်။
“ငွေလဲလှယ်ခွင့်ရ ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့
နှုန်းထားရဲ့ +၀.၈% သို့မဟုတ် -၀.၈% အတွင်း ရောင်းဝယ်နိုင်တယ်။ အဓိက က ဗဟိုဘဏ်ရဲ့ထုတ်ပြန်တဲ့ နှုန်းထား မြှင့်လို့ပါ။ ဗဟိုဘဏ်ကလည်း ဝယ်လိုအား ရှိနေလို့၊ ဝယ်လိုအား ရှိနေတာကြောင့် ထုတ်ပြန်တဲ့
နှုန်းထား မြှင့်တာ ဖြစ်နိုင်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ
ဒုတိယ ဒါရိုက်တာ ဦးသက်လွင်ရွှေ က သုံးသပ်သည်။
ငွေကြေးဈေးကွက်တွင် ဝယ်ဈေး ၈၄၇ ကျပ်မှ ၈၅၂ ကျပ် အထိ၊ ရောင်းဈေး ၈၅၄ ကျပ်မှ ၈၅၈ ကျပ်အထိ ဈေးမြှင့်လာခဲ့ခြင်း ဖြစ်သည်။
ပြင်ပ ဈေးကွက်အနေဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဝယ်ဈေး ၈၅၄ ကျပ်နှင့် ရောင်းဈေး ၈၅၅ ကျပ်၊ ၂၄ ရက်နေ့တွင် ဝယ်ဈေး ၈၅၂ ကျပ်နှင့် ရောင်းဈေး ၈၅၄ ကျပ်၊ ၂၆ ရက်တွင် ဝယ်ဈေး ၈၅၂ ကျပ်နှင့် ရောင်းဈေး ၈၅၄ ကျပ်ဖြစ်ပြီး ၂၇ ရက်နေ့တွင် ဝယ်ဈေး ၈၅၄ ကျပ်နှင့် ရောင်းဈေး ၈၅၆ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည်။
ခင်မျိုးသွယ်
No comments:
Post a Comment