Thursday, December 27, 2012

ထောင်ဒဏ်တစ်သစ် ချမှတ်ခံထားရသည့် အီဂျစ်သမ္မတဟောင်း ဟိုစနီ မူဘာရတ်


ထောင်ဒဏ်တစ်သစ် ချမှတ်ခံထားရသည့် အီဂျစ်သမ္မတဟောင်း ဟိုစနီ မူဘာရတ်အား ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ဆေးကုသမှု
ခံယူရန်အတွက် အကျဉ်းထောင်မှ စစ်တပ်ဆေးရုံသို့ ပြောင်းရွှေ့ရန်
ညွှန်ကြားလိုက်သည်။

အသက် ၈၄ နှစ်အရွယ် သမ္မတဟောင်း မူဘာရတ်အား အီဂျစ်တွင် ဖြစ်ပွား
ခဲ့သည့် ပြည်သူလူထု အုံကြွဆန္ဒပြမှုများအတွင်း လူသေဆုံးခဲ့ရမှုအတွက်
ထောင်ဒဏ်တစ်သက် ချမှတ်ထားခြင်းဖြစ်ပြီး ကိုင်ရိုမြို့ရှိတိုရာအကျဉ်းထောင်
တွင် အကျဉ်းကျခံနေရသည်။

အဆိုပါ လူထုဆန္ဒပြမှုများက အီဂျစ်နိုင်ငံအား ဆယ်စုနှစ် ၃ ခုကြာ အုပ်စိုးခဲ့သည့် မူဘာရတ်၏ အခန်းကဏ္ဍကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အဆုံးသတ်စေခဲ့ကြောင်း CNN က ဖော်ပြသည်။

No comments: