ကျွန်တော်တို့ ကရင်ပြည်နယ်ဟာ နှစ်ပေါင်းမြောက်များစွာ
တိုက်ပွဲသံတွေနဲ့ ယမ်းခိုးတွေကြားထဲ လူးလိမ့်နေခဲ့ရ တာပါ။ အစိုးရသစ်တက်လာပြီးနောက်ပိုင်း
တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ခဲ့လို့ ကျွန်တော် တို့
ကရင်ပြည်နယ်ထဲက ယမ်းငွေ့တွေ လွင့်ပျယ်စပြုနေပါပြီ။
ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က
မြ၀တီနဲ့ ကော့ကရိတ်မြို့တွေမှာ DKBA ကလို ထူးဘောအဖွဲ့က လက်ပံတောင်းတောင် အရေးကိစ္စကို
ဆန္ဒပြခဲ့ပါတယ်။ လက်နက်တွေကိုင်ပြီး ဘုရားပွဲ လှည့်နေသလို မြို့ထဲမှာ စီတန်း လှည့်လည်ခဲ့တာကိုမြင်ရတော့
ငြိမ်းချမ်းရေးများ ပျက် သွားပြီလား လို့ စိုးရိမ်မိပါတယ်။ ကလိုထူးဘောအဖွဲ့ရဲ့ လုပ်ရပ်တွေ
က ငြိမ်းချမ်းရေးသဘောတူထားတာတွေ ကို ပြော င်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုသလို ကလိုထူးဘောအဖွဲ့ကို အရေးမယူဘဲ
ခွင့်လွှတ်ပေးခဲ့တာလို့ ကျွန်တော်ထင်ပါ တယ်။ ကလို ထူးဘောအဖွဲ့အနေနဲ့ အစိုးရရဲ့ သည်းခံခွင့်လွှတ်စိတ်ကို
အခွင့်အရေးယူဖို့ မသင့်ပါဘူး။ အစိုးရကသာ ထိ ထိရောက်ရောက် အရေးယူမှုတွေ လုပ်လာမယ်ဆိုရင်ဖြင့်
ကရင်ပြည်နယ်တ၀ှမ်း ကျီးလန့်စာစား ဘ၀ ကို ပြန်ရောက် သွားနိုင်ပါတယ်။
ကလိုထူးဘောအဖွဲ့အနေနဲ့ တိကျတဲ့ရည်ရွယ်ချက်ရှိပုံမရဘဲ
သူများယောင်တိုင်း လိုက်ယောင် ခဲ့ခြင်းသာ ဖြစ်ပါ တယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သတ်ပြီး
အစိုးရအနေနဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီး တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူဖို့
ဆောင်ရွက်ဆဲအချိန်လည်း ဖြစ်ပါတယ်။ အမေစု ကိုယ်တိုင် ဥက္ကဌဖြစ်ပါတယ်။ ကလိုထူးဘောအဖွဲ့
အနေနဲ့ နိုင်ငံရေးကိုနားလည်ပြီး ဆန္ဒပြခဲ့တာ မဟုတ် ဘဲ၊ ထောက်ပံ့ကြေးရလို့ ဆောင်ရွက်ခဲ့ကြောင်း
DKBA တပ်မှူး တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကလိုထူးဘောအဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းမှာလည်း
အာဏာလုမှုတွေကြောင့် စည်းလုံးညီညွှတ်မှု မရှိကြောင်း လည်းသိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ
ဗိုလ်ချုပ် စောလားပွယ်က ကလိုထူးဘောအဖွဲ့ ဥက္ကဌဖြစ်သူ မန်းရောဘတ်ဇန်နဲ့ အတွင်းရေးမှူး
စောဂုဏ်ရောင်တို့ ၂ ဦး ကို တာဝန်မှရပ်ဆိုင်းကြောင်း ကြေငြာခဲ့ပါတယ်။ မန်းရော ဘတ်ဇန်နဲ့
စောဂုဏ်ရောင်တို့ ၂ ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ
အစည်းအဝေး ကိုတက်ရောက်ခဲ့ခြင်းနဲ့ ထိုင်းနိုင်ငံသား အဖြစ် ခံယူထားခြင်း စတဲ့အကြောင်းပြချက်တွေနဲ့
တာဝန်ရပ်စဲခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ် စောလားပွယ် အနေနဲ့ ကလိုထူးဘောအဖွဲ့အတွင်း စိတ်ကြိုက်
ချယ်လှယ်ခွင့်ရရှိ ဖို့ ဆောင် ရွက်ခြင်းသာဖြစ် ကြောင်း မန်းရောဘတ်ဇန်ကို ထောက်ခံသူများမှ
ပြောကြားခဲ့ပါတယ်။
ONCB အကြီးအကဲ ထိုင်းဒုဝန်ကြီးချုပ်
ချလုံယူဘမ်ပရုန်းနှင့် မူးယစ်ရာဇာ ဗိုလ်ချုပ် စောလားပွယ်
ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ဆေးဝါး
ရောင်းဝယ်မှုတွေကြောင့် ထိုင်းအစိုးရကနေမှ ဆုငွေ ဘတ်တစ်သန်း ထုတ်ပြန်ကြေငြာထားခဲ့ပြီး
ဖြစ်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် ထိုင်းအစိုးရက သူ့မြေထဲ ကို စောလားပွယ်ဝင်ပြီး ခြေ
မရှုပ်နိုင်အောင်၊ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးတွေ မဖြန့်ဖြူးနိုင်အောင် ပိတ်ဆို့ လိုက်ခြင်းပဲ
ဖြစ်ပါတယ်။ ဗိုလ်ချုပ် စောလားပွယ်ရဲ့အဖွဲ့ကို လေ့လာအကဲခတ်မိသလောက် အဖွဲ့အစည်း အတွင်း
အထက်အောက် ရိုသေလေးစားမှု လုံးဝမရှိ တာကိုတွေ့ရပါတယ်။ အခုဆန္ဒပြမှုမှာလည်း လက်အောက်ခေါင်းဆောင်ငယ်တွေက
သူတို့သဘောအတိုင်းဆောင်ရွက်ခဲ့ ကြတာဖြစ်ပြီး ဗိုလ်ချုပ်စော လားပွယ်က ဒီကိစ္စကို သူမသိဘူးလို့
ပြောပါတယ်။ အမိန့်နာခံမှုမရှိ၊ အထက်အောက် ရိုသေလေးစားမှု မရှိ၊ စည်းကမ်းစနစ်တကျ မရှိ၊
ဥပဒေစည်းမျဉ်းတွေ မရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဟာ ကျွန်တော်တို့ ကရင်ပြည်သူတွေ
အတွက်တော့ အလွန်အင်မတန် အန္တရယ်ကြီးမားလှပါတယ်။ ကလိုထူးဘောအဖွဲ့ဟာ ဘာနဲ့တူသလဲဆိုတော့
အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးကြီးတစ်လုံးလိုပါပဲ။ လက်နက်တွေကိုင်ထားပြီး စည်းကမ်းမရှိတဲ့
အဖွဲ့ကြောင့် ဒီအဖွဲ့နဲ့အနီးမှာနေနေရတဲ့ ကျွန်တော်တို့သာမကပဲ ထိုင်းနိုင်ငံသားတွေ အတွက်ပါ
မီးစတစ်စလို အန္တရာယ် ကြီးမားလှပါကြောင်း ရေးသားလိုက်ရပါတယ် ………


No comments:
Post a Comment