မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးမှာ တည်ရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဆိုရင် မြန်မာနိုင်ငံသား အားလုံး မသိတဲ့
လူမရှိသလို ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစားလာပြီး ဖူးမြော် ကြတဲ့ သူတွေလည်း အများကြီးပါ။
ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာ ဖြစ်ရပါ တယ်။ ဒါပေမယ့်
KNU အောက်ခြေအဖွဲ့ဝင်တွေရဲ့ အရှက်မရှိ လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရ
ပါတယ်။
ဖြစ်ပုံက ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ ထိုင်ဝမ်
အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး(၂)ဦး ဘုရားဖူးပြီး
တောင်အောက်ကို ပြန်ဆင်းလာတဲ့ကားကို
ကမ်းဘဲခေါင်းဆောင်တဲ့ KNU လက်နက် ကိုင်(၈)ဦးကတားပြီး ကားသမားဆီက ငွေ(၇)သိန်း အတင်းအဓမ္မ
တောင်းယူ သွားခဲ့ပါတယ်။ ဒီလို နိုင်ငံခြားသား ဘုရားဖူးတွေရှေ့မှာ ဆက်ကြေးတောင်းသွားတဲ့
KNU အဖွဲ့ရဲ့ မသတီစရာလုပ်ရပ်ကို ပြည်သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး၊ ရိုင်းရိုင်းပဲ
ပြောမယ်ဗျာ “မရှိလို့တောင်းစားတဲ့ သူတောင်းစား ဆိုရင် အလှူငွေထည့်ပေးလိုက်မယ်။ ဘုရားနားမှာ
ငွေတောင်း တာတော့ အရမ်းကို ရှက်ဖို့ ကောင်းတယ်”
ဒီလို လုပ်ချင်တိုင်းလုပ်နေရအောင် KNU အဖွဲ့အစည်းမှာ ခေါင်းဆောင်တွေ၊ ကြီးကြပ်သူတွေ
မရှိတော့ဘူးလား။ အရင်က အကျင့်တွေ မဖျောက်နိုင်သေးဘူးလား၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်
ဆက်ကြေးတောင်းတဲ့ ကိစ္စတွေရပ်သင့်နေပြီ။ ဒီထက် ပိုဆိုးလာရင်တော့ စစ်တပ်ကလည်း ကြည့်နေမှာ
မဟုတ်ဘူး။ ဒီလိုပုံစံမျိုးတွေနဲ့ဆိုရင် ငြိမ်းချမ်းရေးကရော တာရှည်ခံပါ့မလား။ အပစ်အခတ်ရပ်စဲရေး ကရောဘယ်လောက်
အထိခံမှာလဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလိုအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုယူပြီး စည်းမဲ့
ကမ်းမဲ့ ထင်ရာစိုင်းနေကြရင် ကျွန်တော်တို့ ပြည်သူတွေက ဘာကိုသွား ယုံကြည်ရမှာလဲ။
ကျွန်တော်တို့ ကျိုက်ထိုမြို့နယ် တစ်ဝိုက်က
ဒေသခံတွေဟာ ဘုရားဖူးပြည်သူတွေကို အဓိက ထားပြီး လုပ်ကိုင်စားသောက်နေကြတာပါ။ ကျိုက်ထီးရိုးအမှတ်တရ
ပစ္စည်းရောင်းတာတွေ၊ ထမ်းပိုး သယ်ပို့တဲ့ အလုပ်တွေ၊ ကားငှားတဲ့လုပ်ငန်းတွေနဲ့ ရပ်တည်လုပ်ကိုင်နေကြတာပါ။
KNU အဖွဲ့က အခုလို ရမ်းကားနေတော့ ဘုရားဖူးလာတဲ့ ဧည့်သည်တွေကို စိတ်အနှောက်အယှက်ဖြစ်စေသလို
ကျွန်တော်တို့လို ရိုးသားစွာ စီးပွားရှာတဲ့ သူတွေအတွက်လည်း အများကြီးထိခိုက်နိုင်ပါတယ်။
သာသနာပိုင်မြေထဲမှာတောင် ဓါးပြတိုက်၊ ဆက်ကြေး တောင်းနေတဲ့ နိုင်ငံဆိုပြီး တစ်ခြားနိုင်ငံတွေက
ပြောလာပါလိမ့်မယ်။ KNU အဖွဲ့ခေါင်းဆောင်တွေကတော့ အရေးကြီး အစည်းအဝေးတွေလုပ်ပြီး ငြိမ်းချမ်းရေးရဖို့
ဆွေးနွေးနေတဲ့ အချိန်မှာ လက်အောက်က တပည့်တွေကတော့ ပြည်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်
ဆက်ကြေးတောင်းနေကြတယ်။ KNU ခေါင်းဆောင်ပိုင်းအနေနဲ့ လက်အောက်ကို
ကြပ်မတ်ကွပ်ကဲမှု မရှိ တော့ဘူးလားလို့ မေးချင်ပါတယ်။
အခု KNU လက်အောက်ငယ်သားတွေရဲ့လုပ်ရပ်ဟာ သူခိုး၊ ဓါးပြတွေလိုဖြစ်နေပါပြီ။
နိုင်ငံခြားသား ဘုရားဖူးတွေသိသွားပြီး နိုင်ငံနဲ့လူမျိုး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတော့ မယ်။
နိုင်ငံခြားသား ဧည့်သည် တွေကတော့ KNU တွေ KNDO တွေမသိဘူးလေ။ မြန်မာနိုင်ငံလို့ပဲ သိတာ။ ကမ်းဘဲခေါင်းေ ဆာင်တဲ့ KNU အဖွဲ့က နိုင်ငံခြားသား
ဘုရားဖူးတွေစီးလာတဲ့ ကားကိုဆက်ကြေး ကောက်ရုံ တင်မက ဘူး၊ တောင်တက် မော်တော်ယာဉ် အသင်းက
ကား(၁)စီးကို (၅)သိန်းနှုန်း ပေးရမယ် လို့ လည်း ပြောသွားခဲ့ပါသေးတယ်။ ဒီလိုပဲ စည်းမဲ့ကမ်းမဲ့
ပရမ်းပတာ ဖြစ်နေကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မွန်ပြည်နယ်အတွက်ရော ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေအတွက်ပါ
ရင်လေးစရာပါပဲ..

No comments:
Post a Comment