Saturday, December 22, 2012

မိုင်းခွဲတိုက်ခိုက်ခံရသည့်ကုန်တင်ရထားစစ်ပစ္စည်းများ သယ်ဆောင်လာခြင်းမရှိ


စစ်ပစ္စည်းများတင်ဆောင်လာသော ရထားတစ်စင်း မန္တလေး မြစ်ကြီးနားလမ်းပိုင်း မိုးညှင်းအလွန် မိုင်တိုင် ၆၄၃ အနီး တွင် (၂၁)ရက်နေ့တွင် ကေအိုင်အေမှ မိုင်းခွဲတိုက်ခိုက် ခဲ့ကြောင်း၊ ကေအိုင်အေပြော ခွင့်ရသူ ဦးလနန်က ပြောကြားခဲ့သည်။ ၄င်းသတင်းနှင့်ပတ်သတ်၍ မြန်မာ့မီးရထား မှဝန်ထမ်းများနှင့် ရထားမှောက်တဲ့ နေရာသို့ ရောက်ရှိခဲ့သော မိုးညှင်း ဒေသခံများ၏ပြောပြချက်ရလည်းကောင်း၊ သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။ ရထားထဲမှာဘာ စစ်ပစ္စည်း၊ လက်နက်ခဲယမ်းတွေမှ မပါပါဘူး၊ လက်နက်ခဲယမ်းတွေပါရင်
ရထား မှောက်တဲ့ အချိန်မှာ မီးလောင်ပေါက်ကွဲကုန်မှာပေါ့၊ ရထားပေါ်မှာ အဓိကပါလာတာက စားသောက် ကုန်တွေ ပါ။ မှောက်နေတဲ့ ရထားတွဲတွေမှာ ကြက်သွန်အိတ်တွေနဲ့ ဆားအိတ်တွေ ပြန့်ကျဲနေ တာ တွေ့ပါတယ်လို့ ဆိုသွားပါသည်။
          မိုင်းဒဏ်ကြောင့် မန္တလေးမြို့ဟောင်း -မြစ်ကြီးနား ကုန်တင်ရထား အမှတ် (၉၃၇) ၏ စက်ခေါင်း      DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့် နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့ ပါသည်။ ဤသို့ကြောင့် ရထားစက် ခေါင်းမောင်း ဦးကျော်မြင့်၊ လက်ထောက် ဦးနေလင်းထွန်းနှင့် လက်ထောက် စက်ခေါင်းမောင်း ဦးဥာဏ်ထွန်းတို့ ဒဏ်ရာ ရရှိခဲ့သည်။ ဒါဏ်ရာ မှာ ပြင်းထန်မှုမရှိပေ။
အဆိုပါကုန်တင်ရထား တိမ်းမှောက်သွားသဖြင့် လမ်းပိတ်ပြီး ခေတ္တ ရပ်နားနေရသော မန္တလေး -မြစ်ကြီးနား အစုန်အ ဆန်ရထားအချို့မှ ခရီးသည်များကို ရွှေ့ပြောင်းပေးသည့် နည်းဖြင့် ပို့ဆောင်သွား မည်ဟု မီးရထားဝန်ထမ်းများက ဆိုပါ သည်။ ရထားလမ်းကိုလည်း ဒီနေ့ ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မန္တလေး ဘူတာကြီးမှ မြစ်ကြီးနား ရထားများကိုလည်း ပုံမှန်အတိုင်း ထွက်ခွာစေမည်ဟု မီးရထား ၀န်ထမ်းများက ခရီးသည်များကို ပြောကြားထားပါသည်။

No comments: