အင်တာနက်အွန်လိုင်းစာမျက်နှာများတွင် ရုတ်နိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည့် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း မြန်မာနိုင်ငံ အကျိုးရှိရန်သာ အဓိကဖြစ်ကြောင်း ပြောသည်။
''ခုတလော ဦးအောင်မင်း ကံမကောင်းဘူး။ လုပ်ပေးနေတာပဲ။ အဲဒါကိုမှ
သူတို့အဓိပ္ပာယ်ပေါက်တာ တော့ ကျွန်တော်လည်း စိတ်မကောင်း ဘူး။ လူဦးရေ
သန်းခြောက်ဆယ်အ တွက် အလုပ်လုပ်တာ။ တရုတ်နဲ့ပဲ
ပေါင်းပေါင်း အမေရိကန်နဲ့ပဲ ပေါင်း ပေါင်း တည့်အောင်ပေါင်းဖို့အဓိကပဲ။
တိုင်းပြည်အကျိုးရှိဖို့ပဲ''ဟု ဒီဇင်ဘာ လ၈ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်း ရေးစင်တာ၌ပြုလုပ်ခဲ့သော ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် ၄င်းကပြောသည်။

တရုတ်နိုင်ငံနှင့်ပတ်သက်သည့်ပာစကားမှာ၎င်းစိတ်ထဲရှိသည့်အတိုင်းပြောကြားခြင်းဖြစ်၍ နိုင်ငံတကာအမြင်ဖြစ်ကြောင်း၊ ပြောကြားမှုအပေါ် အစိုးရအဖွဲ့မှလည်းတစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိကြောင်းပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြား ခဲ့သည်။
တိုင်းရင်းသားများ ကောင်း စားရေးအတွက် မည်သည့်ငြိမ်းချမ်း ရေးမဆို
ဖော်ဆောင်နေခြင်းဖြစ်၍ အင်တာနက်တွင် တင်သည့်အတိုင်း ဒေါ်လာ ၆ သန်း
ရရှိသည်ဆိုသည် မှာလည်း ဟုတ်မှန်ခြင်းမရှိကြောင်း၊ တစ်ပြားမှမရသလို
ယူလည်းမယူ ကြောင်း ၄င်းက ဆိုသည်။
''ဦးအောင်မင်းမကောင်းကြောင်း ဂျာနယ်ထဲတစ်စောင်မှမပါဘူး။ စာနယ်ဇင်းစည်းကမ်းကို သိတဲ့လူတွေ ပိုများလာရင် ကောင်းမှာပေါ့။
အခုက အွန်လိုင်းမှာကို ဖြစ်နေတာ'' ဟု ၄င်းက ထပ်မံပြောသည်။ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ယခင်မီးရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးတစ် ဦးဖြစ်ခဲ့ပြီး သမ္မတရုံးဝန်ကြီးတာဝန် အပါအဝင် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး ကော်မတီတွင် လည်း ပါဝင်ခဲ့သည်။

No comments:
Post a Comment