နတ်မင်း အမည်ရှိ မီးသတ် ရေယာဉ်ကို ရေယာဉ် ပြုပြင် တည်ဆောက်ခဲ့တဲ့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် စက်မှု အင်ဂျင်နီယာ ဌာနမှ ရေယာဉ် အသုံးပြုမယ့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရေကြောင်း ဌာနကို လွှဲပြောင်း ပေးအပ်ခြင်းကို ဒီဇင်ဘာလ ၉ ရက်နေ့က နန်းသီတာ
ဆိပ်ကမ်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ နတ်မင်း မီးသတ်ရေယာဉ်ဟာ ၁၉၆၁ ခုနှစ်က ဂျာမနီ နိုင်ငံမှာ တည်ဆောက် ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ စက်ပစ္စည်းသစ်များ အစားထိုးကာ အကြီးစား ပြုပြင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်မှုတွေ အပြင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့တဲ့
နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ရန်ကုန်မြစ် အတွင်း နစ်မြှုပ်ခဲ့ရာ မှာတော့
ဆယ်ယူမှု ဆောင်ရွက်နိုင် ခဲ့ပေမယ့် ပြန်လည် အသုံးပြုနိုင်မှု
မရှိနိုင်တော့တဲ့ အတွက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက အကြီးစား ပြုပြင်
တည်ဆောက်ခြင်းကိုပြန်လည် ဆောင်ရွက် ခဲ့ တယ်လို့ သိရပါတယ်။
အဲ့ဒီနတ်မင်း မီးသတ် ရေယာဉ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာပြန်လည် ပြုပြင် တည်ဆောက်မှု ဆောင်ရွက်ပြီးခဲ့တဲ့ အတွက် ပြန်လည် အသုံးပြု နိုင်ရန် ရေချမှု ဆောင်ရွက် ခဲ့တာဖြစ် ပါတယ်။
ဒီလို အကြီးစား ပြန်လည် ပြုပြင် တည်ဆောက်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ အားဖြင့် ၁.၁၅ သန်း ကုန်ကျ ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နတ်မင်း ရေယာဉ်ရဲ့ အမြန်နှုန်းဟာ ၁ နာရီကို ၁၂ မိုင်နှုန်းဖြစ်ပြီး မီးငြှိမ်းသတ်မှု ဆောင်ရွက်ရာမှာ ဟိုက်ဒြောလစ် စနစ်နဲ့ အရှိန်မြှင့်တင် နိုင်တဲ့ Fire Monitor ၁ ခုနဲ့ Manual Type Fire Monitor ၂ ခု တပ်ဆင်ထား ပါတယ်။ ဒါ့အပြင် ရေယာဉ်ကို မီးငြှိမ်းသတ်မှု လုပ်ငန်းများ အပြင် တွန်းရေယာဉ် အနေနဲ့ အသုံးပြုနိုင်တဲ့ အတွက် ရန်ကုန်ဆိပ်ကမ်း အတွင်း ၀င်ထွက် နေတဲ့ သင်္ဘောကြီးများ အတွက် ဆိပ်ကမ်း ၀န်ဆောင်မှု ပေးရာ မှာလည်း များစွာ အထောက်အကူ ပြုနိုင်တာပဲ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment