လာမယ့်
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ကမ္ဘာ့ဈေးကွက်ရဲ့ လိုအပ်ချက်အရ
အထည်ချုပ်စက်ရုံ ၇၀၀ နီးပါးတိုးမြင့်လာနိုင်ဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို တိုးမြှင့်လာနိုင်ခြင်းမှာ အမေရိကန်နဲ့ EU
နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်တဲ့အတွက်
ဈေးကွက်လိုအပ်ချက်များအရ ပို့ကုန်များကို ယခင်ထက် ပိုမိုတင်ပို့ လာနိုင်မှာဖြစ်ပြီး ပြည်တွင်းမှာစက်ရုံများ ပိုမိုတည်ဆောက် လာနိုင် မှာဖြစ်ပါ တယ်။ ယခုလက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ Export တင်ပို့တဲ့ အထည်ချူပ်စက်ရုံပေါင်း ၁၀၀ နီးပါးရှိတာဖြစ်ပါ တယ်။
လာမယ့်နှစ်တွင် တိုးတက်လာနိုင်မယ့် အထည်ချုပ်စက်ရုံများဟာ ပြည်ပမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေပါဝင်သလို ပြည်တွင်းလုပ်ငန်းရှင်များမှလည်း ရင်းနှီးမြှုပ်နှံမှု များပြုလုပ်လာနိုင် တာ
ဖြစ်ပါတယ်။ ဒါ့အပြင် CMP စနစ် အထည်ချုပ်စက်ရုံများလည်း ပါဝင်နိုင်တယ်လို့
သိရပါတယ်။ ကမ္ဘာ့အထည်ချုပ် လုပ်ငန်းဈေးကွက်မှာ အမေရိကန်နိုင်ငံဟာ
ဝယ်လိုအား အများဆုံး နိုင်ငံဖြစ်ပြီး ယခုလက်ရှိ မြန်မာနိုင်ငံမှ
အမေရိကန်နိုင်ငံကိုပါ အထည်များ တင်ပို့ခွင့်ရတဲ့အတွက်
အထည်ချုပ် စက်ရုံများကို တိုးချဲ့တည်ဆောက်သင့်တယ်လို့လည်း အထည်ချုပ်အသင်းမှ
တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများက အထည်များကို ယခုလက်ရှိမှာ ဂျပန်နိုင်ငံကို အများဆုံး တင်ပို့မှုရှိနေပြီး ၂၀၁၁ ခုနှစ်အတွင် ဂျပန်နိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ဖိုးတင်ပို့မှုရှိခဲ့ကာ တရုတ်၊ ကိုရီးယား၊ ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံစတဲ့ နိုင်ငံများကိုလည်း တင်ပို့မှုရှိနေတယ်လို့ သိရပါတယ်။

No comments:
Post a Comment