Thursday, December 13, 2012

ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များ ပုလဲ အတွဲနှင့် ­ကျောက်စိမ်း အတွဲများ အပြိုင် အဆိုင် ဝယ်ယူ

Photo: ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များ ပုလဲ အတွဲနှင့် ­ကျောက်စိမ်း အတွဲများ အပြိုင် အဆိုင် ဝယ်ယူ
Wednesday, 12 December 2012 

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် များနှင့် ကျောက်မျက်၊ ပုလဲ ရောင်းချပွဲ တတိယ နေ့ကို ယနေ့ နံန
က် ၉ နာရီတွင် နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက် ကျင်းပရာ ကျောက် စိမ်း၊ ကျောက်မျက်နှင့် ပုလဲ အတွဲများကို လာရောက် ကြည့်ရှု လေ့လာ ကြသူများ၊ အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ် တို့ဖြင့် ဝယ်ယူ ကြသူ များဖြင့် စည်ကားလျက် ရှိသည်။

မွန်းလွဲ ပိုင်းတွင် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီ နာယက သတ္တုတွင်း ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်အောင်နှင့် သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့် တို့သည် ပြည် တွင်း၊ ပြည်ပမှ ရတနာ ကုန်သည်များ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲ အတွဲ များအား အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင် စနစ်တို့ ဖြင့် ဝယ်ယူ နေမှုကို လှည့်လည် ကြည့်ရှု အားပေး ကြသည်။

ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပမှ ရတနာ ကုန်သည် များသည် မဏိ ရတနာ ကျောက်စိမ်း ခန်းမ၌ ဧရိယာ အလိုက် ခင်းကျင်း ပြသ ထားသည့် မြန်မာ ကျပ်ငွေဖြင့် ရောင်းချ ပေးမည့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် အတွဲများနှင့် နိုင်ငံခြား ငွေဖြင့် ရောင်းချ မည့် ကျောက်မျက်နှင့် ပုလဲ အတွဲများကို စိတ်ဝင်တစား ကြည့်ရှု ရွေးချယ်မှတ်သား ကြပြီး ဈေးနှုန်း အဆိုပြု လွှာများကို သတ်မှတ် တင်ဒါပုံးများ အတွင်းသို့ အပြိုင် ထည့် သွင်းကြသည်။

ယနေ့ ပြပွဲတွင် ပုလဲ အတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် လည်းကောင်း၊ ကျောက်မျက် အတွဲ များကို နံနက်ပိုင်းတွင် အိတ်ဖွင့် တင်ဒါစနစ်၊ မွန်းလွဲ ပိုင်းတွင် ဈေးပြိုင် စနစ်တို့ဖြင့် လည်းကောင်း စတင် ရောင်းချရာ ပြည်တွင်း၊ ပြည်ပမှ ရတနာ ကုန်သည် များသည် ပုလဲ အတွဲများနှင့် ကျောက်မျက် အတွဲများကို စိတ်ဝင် တစား ကြည့်ရှု ရွေးချယ် မှတ်သားကြပြီး အိတ်ဖွင့် တင်ဒါ စနစ်၊ ဈေးပြိုင် စနစ်တို့ဖြင့် အပြိုင်အဆိုင် ဝယ်ယူ ကြကြောင်း သိရ သည်။ 

မြ၀တီ
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် များနှင့် ကျောက်မျက်၊ ပုလဲ ရောင်းချပွဲ တတိယ နေ့ကို ယနေ့ နံန က် ၉နာရီတွင် နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက် ကျင်းပရာ ကျောက် စိမ်း၊ ကျောက်မျက်နှင့် ပုလဲ အတွဲများကို လာရောက် ကြည့်ရှု လေ့လာ ကြသူများ၊ အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ် တို့ဖြင့် ဝယ်ယူ ကြသူ များဖြင့် စည်ကားလျက် ရှိသည်။

No comments: