Thursday, December 13, 2012

သတင်းအထွက်ဆုံး ဖြစ်နေသော ရန်ကုန်တိုင်းဒေသကြီးမှ တရားရုံးများကို ရှောင်တခင်စစ်ဆေးမည်

Photo: သတင်းအထွက်ဆုံး ဖြစ်နေသော ရန်ကုန်တိုင်းဒေသကြီးမှ တရားရုံးများကို
ရှောင်တခင်စစ်ဆေးမည်
Wednesday, 12 December 2012

တရားစီရင်ရေးတွင် သတင်းအထွက်ဆုံး ဖြစ်နေသော ရန်ကုန်တိုင်း
ဒေသကြီးရှိ အချို့မြို့နယ်များမှ တရားရုံးများအား ယခုလအတွင်း
ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က
ပြောကြားသည်။ 

ယင်းကော်မတီသည် မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့ကို စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း ယခုအခါ တရားစီရင်ရေးတွင် မမျှတမှုများ ဖြစ်ပေါ်နေသည်ဟု သတင်းရရှိသော ရန်ကုန်တိုင်းဒေသကြီးရှိ အချို့မြို့နယ် များသို့ပြန်လည် စစ်ဆေးရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လာဘ်ပေးလာဘ်ယူ အရမ်းများတဲ့ ကိစ္စတွေ၊ တရား ဥပဒေနဲ့အညီ မဆုံးဖြတ်တဲ့ ကိစ္စတွေ၊ အဓိကက အဂတိတရားနဲ့ လုပ်တဲ့ တရားစီရင်မှု သတင်းတွေ အထွက်များတဲ့ မြို့နယ်တွေကို ပြန်စစ်တော့မှာပါ” ဟု ဦးဝင်းမြင့်က ပြောသည်။ 

ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းအပြင် မကွေးတိုင်း ဒေသကြီးရှိ တရားခွင်များကိုလည်း တစ်ပြိုင်နက်တည်း လေ့လာစစ်ဆေး
သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဆိုပါ ကော်မတီသည် ဒီဇင်ဘာလ ၄ ရက်က ဖျာပုံမြို့နယ် တရားရုံးနှင့် ခရိုင်တရားရုံး၊
ဒေးဒရဲမြို့နယ် တရားရုံးတို့ကို ရှောင်တခင် စစ်ဆေးခဲ့ပြီး စစ်ဆေးခဲ့သမျှ တရားခွင်တိုင်းနီးပါးတွင် လာဘ်ပေးလာဘ်ယူနှင့် အာဏာပိုင်များ၏ စွက်ဖက်မှုများတွေ့ရှိခဲ့ရကြောင်း ဦးဝင်းမြင့်က ပြောသည်။

“ ဒီရုံးတွေလည်း အရင်စစ်ခဲ့တဲ့ ရုံးတွေလိုပါပဲ။ အာဏာပိုင်က ဝင်စွက်ဖက်တယ်။ လာဘ်ယူနေတာတွေ လည်းရှိတယ်။ လာဘ်မပေးရင် အမှုတွေမှာ အဟန့်အတား၊ အနှောင့်အယှက် တွေဖြစ်တယ်။ အမှုသည်တွေ အပြောမရတော့ ငွေပေးရင် အမိန့်က တစ်မျိုး၊ ငွေမပေးရင် အမိန့်က တစ်မျိုးဖြစ်နေတယ်။ ရဲတွေကလည်း အမှုတွေကို သေသေချာချာ မတည်ဆောက်ဘူး ဆိုတာတွေ့ခဲ့ရတယ်” ဟု ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။

ကော်မတီက ယခုနှစ်အတွင်း စစ်ဆေးတွေ့ရှိခဲ့သည့် အကြောင်း
အရာများကို စုစည်းကာ လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်း
သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် 
7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge
တရားစီရင်ရေးတွင် သတင်းအထွက်ဆုံး ဖြစ်နေသော ရန်ကုန်တိုင်း ဒေသကြီးရှိ အချို့မြို့နယ်များမှ တရားရုံးများအား ယခုလအတွင်းရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်ကပြောကြားသည်။

ယင်းကော်မတီသည် မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့ကို စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း ယခုအခါ တရားစီရင်ရေးတွင် 
 မမျှတမှုများ ဖြစ်ပေါ်နေသည်ဟု သတင်းရရှိသော ရန်ကုန်တိုင်းဒေသကြီးရှိ အချို့မြို့နယ် များသို့ပြန်လည် စစ်ဆေးရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လာဘ်ပေးလာဘ်ယူ အရမ်းများတဲ့ ကိစ္စတွေ၊ တရား ဥပဒေနဲ့အညီ မဆုံးဖြတ်တဲ့ ကိစ္စတွေ၊ အဓိကက အဂတိတရားနဲ့ လုပ်တဲ့ တရားစီရင်မှု သတင်းတွေ အထွက်များတဲ့ မြို့နယ်တွေကို ပြန်စစ်တော့မှာပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းအပြင် မကွေးတိုင်း ဒေသကြီးရှိ တရားခွင်များကိုလည်း တစ်ပြိုင်နက် တည်း လေ့လာစစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဆိုပါ ကော်မတီသည် ဒီဇင်ဘာလ ၄ ရက်က ဖျာပုံမြို့နယ် တရားရုံးနှင့် ခရိုင်တရားရုံး၊ ဒေးဒရဲမြို့နယ် တရားရုံးတို့ကို ရှောင်တခင် စစ်ဆေးခဲ့ပြီး စစ်ဆေးခဲ့သမျှ တရားခွင်တိုင်းနီးပါးတွင် လာဘ်ပေးလာဘ်ယူနှင့် အာဏာပိုင်များ၏ စွက်ဖက်မှုများတွေ့ရှိခဲ့ရကြောင်း ဦးဝင်းမြင့်က ပြောသည်။

“ ဒီရုံးတွေလည်း အရင်စစ်ခဲ့တဲ့ ရုံးတွေလိုပါပဲ။ အာဏာပိုင်က ဝင်စွက်ဖက်တယ်။ လာဘ်ယူနေတာတွေ လည်းရှိတယ်။ လာဘ်မပေးရင် အမှုတွေမှာ အဟန့်အတား၊ အနှောင့်အယှက် တွေဖြစ်တယ်။ အမှုသည်တွေ အပြောမရတော့ ငွေပေးရင် အမိန့်က တစ်မျိုး၊ ငွေမပေးရင် အမိန့်က တစ်မျိုးဖြစ်နေတယ်။ ရဲတွေကလည်း အမှုတွေကို သေသေချာချာ မတည်ဆောက်ဘူး ဆိုတာတွေ့ခဲ့ရတယ်” ဟု ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။

ကော်မတီက ယခုနှစ်အတွင်း စစ်ဆေးတွေ့ရှိခဲ့သည့် အကြောင်း အရာများကို စုစည်းကာ လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်း သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


No comments: