ယခုနှစ် ပုဂံညောင်ဦးဒေသသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မူမှာ နှစ်ပေါင်း(၂၀)အတွင်းစံချိန်တင် ၀င်ရောက်မူနှစ်ဖြစ်ပြီး တစ်နေ့လျှင်ကမ္ဘာလှည့်ခရီးသွား (၁၀၀၀)၀န်းကျင် ၀င်ရောက်မူရှိနေကြောင်း ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနထံက သိရသည်။
“အခု ပုဂံမှာ နိုင်ငံခြားသားခရီးသည်တွေ တစ်နေ့ကို တစ်ထောင်လောက် ၀င်နေတာ။ တစ်ခါတစ်လေဆိုရင် တစ်ထောင်တောင် ကျော်တယ်။ ဒီနှစ်ကတော့ နှစ်ပေါင်းနှစ်ဆယ် အတွင်းမှာတော့ အများဆုံးဝင်ရောက်မှု
နှစ်ပါပဲ ” ဟု ပုဂံရှေးဟောင်း ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးနိုင်ဝင်းက ပြောသည်။
၂၀၁၀ခုနှစ်၊ ၂၀၁၂ ခုနှစ် များတွင် တစ်နေ့လျှင် ခရီးသွားဦးရေ (၅၀၀)၀န်းကျင်သာ လာရောက်ကြောင်းကို လည်း သိရသည်။
ယခုနှစ် ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်မူမှာ မြန်မာ့ခရီးနှစ် ၁၉၉၆ခုနှစ် ခရီးသွားရာသီထက်ပင် ပိုမိုဝင်ရောက်နေပြီး (၂၀၁၀-၂၀၁၁) ခရီးသွားလာရေး ကဏ္ဍဘတ်ဂျက် အရ လူဦးရေ(၈၅၂၈၈)ဦး၊ (၂၀၁၁-၂၀၁၂)တွင် (၁၂၀၁၉၄၀)ဦး ၀င်ရောက်နေ ပြီး ယခုနှစ်(၂၀၁၂-၂၀၁၃) ခရီးသွားရေးကဏ္ဍ ဘတ်ဂျက်အရ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ (၉၀၉၆၆)ဦး ဝင်ရောက်မှုရှိနေကြောင်း သိရသည်။
ပုဂံညောင်ဦးဒေသသို့ လေကြောင်းခရီးဖြင့် အများဆုံးဝင်ရောက်နေပြီး တစ်နေ့လျှင် မနက်ပိုင်း (၁၀)စီး၊ ညနေပိုင်း(၅)စီး စုစုပေါင်း (၁၅)စီးဝင်ရောက်နေကြောင်း သိရသည်။
ထိုကဲ့သို့ကမ္ဘာလှည့် ခရီးသွားများဝင်ရောက်မူ များပြားနေခြင်းကြောင့် ပုဂံဒေသတွင် ဟိုတယ် အခန်းများ မလုံလောက်မှု များနှင့်လည်း ကြုံတွေ့နေရကြောင်းကိုလည်း သိရသည်။ ထိုကဲ့သို့ဟိုတယ်အခန်းများ မလုံလောက်မှုများကြောင့် ခရီးသွားများမှာဘုန်းကြီးကျောင်းများတွင်လည်း သွားရောက်တည်းခိုမှု များရှိနေ သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေသို့ ဥရောပမှ ခရီးသွားများအများ ဆုံးလာရောက်ပြီှး ဆွစ်ဇာလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အင်္ဂလန် ၊ သြစတေးလျ စသည့်နိုင်ငံများက အများဆုံးလာရောက် ကြောင်း သိရသည်။

No comments:
Post a Comment