Saturday, December 15, 2012

ပိုးစုန်းကြူးအလင်းထက် ပိုမှိန်နေရရှာသော ကြယ်ပွင့်ငယ်များ

Photo: ပိုးစုန်းကြူးအလင်းထက် ပိုမှိန်နေရရှာသော ကြယ်ပွင့်ငယ်များ
Friday, 14 December 2012

“နောင် ၅ နှစ်ကြာရင် တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲ လုပ်မပေးနိုင်ရင်တော့ ဒီ့ထက်ပိုဆိုးမလား ကျွန်တော် စိုးရိမ်ပါတယ်” ဟု ပြောကြားခဲ့သည့်  တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်း ၏ စကားကို အမှတ်ရမိသည်။

ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြ သော မျိုးနွယ်စုများ ၏ ပင်ရင်းအမည်ဖြစ်သည့်
“ချင်း”ဟူသည့် အမည်နာမဖြင့် ရပ်တည်နေကြသည့် တိုင်းရင်းသားတစ်စု၏ ပညာရေးအဆင့်နိမ့်ပါးမှုအတွက် စိုးရိမ်ပူပန်သည့်လေသံဖြင့်
ပြောကြားခဲ့သည်ကို သတိရမိခြင်းဖြစ်သည်။ ယမန်နေ့ညက  
ကျွန်တော် အိပ်၍ မပျော်ခဲ့ပါ။

မိုးသောက်အာရုံ နှင်းဖွဲဖွဲအချိန်တွင် ရွာရှိ လူငယ်လူလတ်ပိုင်းများ လှုပ်ရှားလာကြသည်။

ဒီဇင်ဘာနှင်းထုက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တောင်တန်းဒေသများ၌ 
နေရာယူလာစပြုနေချိန်။

အသက်(၁၆)နှစ် အရွယ် မစံဝင်းမှာ ဟောင်းနွမ်းသော အင်္ကျီလက်ရှည်နှင့်
ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ   ဂေါ်ပြားနှင့်ခြင်းတောင်းကို ကိုင်ရင်း   အိမ်ရှေ့က ထွက်လာသည်။

သူမ၏နေ့စဉ်အလုပ်ဖြစ်သော တောင်ပေါ်တွင် ဖျံဥ(ဝ)ဥ ရှာရန် မနက်စောစော ထွက်ရန် ပြင်ဆင်နေ ခြင်း ဖြစ်သည်။

“ကျမတို့အလုပ်က နေ့စဉ်ဒါပဲရှိတာ၊ တောင်ယာစိုက်၊ ဂမုန်းစိုက်၊ ဖျံဥတူး၊ ဒါနဲ့ သံသရာလည်နေတာပဲ ကျမတို့ အဖေလည်း ဒီတောင်းတန်းဒေသမှာပဲ ကြီးပြင်းလာတာ စာထဲကလို တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးပေါ့”ဟု မစံဝင်း က စကားစသည်။

သူမသည်  ပညာသင်ရမည့်အရွယ်ဖြစ်သော်လည်းမိသားစုဝမ်းရေးနှင့်
ဘဝအတွက် ရုန်းကန်နေကြခြင်း ဖြစ်သည်။

“သူများတွေလို မြို့တက် စာသင်ချင်တာပေါ့၊ ဒါပေမယ့် ပိုက်ဆံ
မတတ်နိုင်တော့ မူလတန်းအဆင့်ကပဲ ကျောင်းထွက်လိုက်ရတာ။ ဒီမှာက တောင်ပေါ်ဒေသဆိုတော့ ပညာရေးကို ဦးစားပေးတာ သိပ်မရှိကြ ဘူး ပုံမှန်တောင်ယာခုတ်ပဲ”ဟု သူမ ဆက်ပြောသည်။

မစံဝင်းသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်  တရွန်အိုင်ကျေးရွာမှ
ဖြစ်သည်။  မိသားစုညီအစ်ကို မောင်နှမ သုံးဦးရှိသည်။

မူလတန်းအဆင့်သာ ပညာသင်ကြားခဲ့ရပြီးမိဘနှင့်အတူ တောင်ပေါ်တက်၊ ဖျံဥရှာ ဂမုန်းစိုက်၊ ယာခုတ်စသည့် အလုပ်မျိုးကို လုပ်နေရသည်။ ပညာရေး မူလတန်းအဆင့်သာ သင်ကြားခဲ့ရသည့်

“သမီးငယ်ငယ်တုန်းက စစ်တွေမြို့ကို တစ်ခါရောက်ဖူးတယ်၊ ဖေဖေနဲ့  အဲ့ဒီအချိန် အရမ်း ပျော်တယ်၊ သူများတွေ ကျောင်းတက် တာမြင်ပြီး မြို့ပေါ်မှာ ကျောင်းတက်ချင်စိတ်ဖြစ်ခဲ့တယ်။ ဖေ့ဖေ့ကို ပြောပြတော့  ဖေဖေက ဘာမှမပြောဘူး။ သမီးတက်ချင်ရင် စီစဉ်ပေးမယ်လို့ပဲ ပြောတယ်”ဟု ၄င်းက ဆိုသည်။

မစံဝင်းသည် ငယ်ငယ်ကတည်းက ကျောင်းဆရာမ လုပ်ရန် စိတ်ကူး
ရှိခဲ့သော်လည်း ကြီးပြင်းလာသည် နှင့် အမျှ မိသားစုဘဝကို
နားလည်လာသော အခါ တောင်ယာလုပ်ငန်းထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ကျမတို့လို တောင်ပေါ်သားတွေက မိန်းခလေးတွေကော ယောင်္ကျားလေး
တွေပါ ပညာတတ် ဖြစ်စေ ချင်တယ်”ဟု သူကဆိုရင်း သူ့လိုပင် အလယ်တန်း ပညာရေးဖြင့် ကျောင်းထွက်ခဲ့ရသည့် သူနှင့် ဘဝတူလုပ်ဖော်ကိုင်ဖက် အသက်(၁၈)အရွယ် အမျိုးသမီးငယ်
တစ်ဦးကလည်း ယခုကဲ့သို့ပြောသည်။

“အဖေက တောင်ယာမလုပ်နိုင် မောင်လေးက စက်လှေမောင်းဆိုတော့ သမီးက ကျောင်းထွက်ပြီး တောင်ယာ ခုတ်ရတယ်” ဟု အသက် (၁၈) အရွယ် အမျိုးသမီးငယ်က ပြောသည်။

ထို့အတူ ပလက်ဝမြို့နယ်စက်ပစ်ပြင်ကျေးရွာမှ အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကလည်း“ကျမတို့ရွာက   ယောင်္ကျားလေးတွေတော့
မြို့တက်ပညာသင်ကြတယ်၊ နိုင်ငံခြား သွားကြတယ်၊ ကျမတို့အမျိုးသမီး ကျတော့ မီးဖိုဆောင်မှာဘဲ ဘဝကိုမြုပ်နှံထားရတယ်၊ ပညာရေး ဆိုလည်း ကျမတို့က နိမ့်ကျတယ်” ဟု ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျေးလက်ဒေသရှိ မိန်းခလေးအများစုမှာ  အမျိုးသားများထက် ပညာရေနိမ့်ကျနေသည် ဟု ပလက်ဝမြို့မှ အလယ်တန်းပြဆရာမတစ်ဦးက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေး မပြေလည်ခြင်းနှင့်  ပညာရေး
အသိုင်းအဝိုင်းများနှင့် မနီးစပ်ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ
ဆရာမက သုံးသပ်သည်။

“တစ်ချို့ရွာတွေမှာ စာသင်ကျောင်းမရှိဘူး၊  ဆရာမတစ်ခုသတိထားမိတယ်၊ တစ်ချို့ခလေး မလေးတွေဆိုရင် စာသိပ်တော်တယ်၊ ဝီရိယရှိတယ်။ ဒါပေမယ့်မိဘက ဆင်းရဲတော့ မူလတန်းအဆင့် ပဲ ကျောင်းထားနိုင်တယ်” ဟု ကျောင်းဆရာမက ပြောသည်။

တရွန်အိုင် ကျေးရွာသည် ကုလားတန်မြစ် ကမ်းနဖူးတွင် တည်ရှိသည်။  ယင်းဒေသတစ်ဝိုက်တွင်  အမျိုးသမီးအများစုမှာ မူလတန်းအဆင့်အထိသာ ပညာရေးကို လိုက်စားကြသည်။ အလယ်တန်း အထက်တန်းအဆင့်
ရောက်ရှိသူများမှာ အလွန်နည်းပါးသည်။

“ဘဝမှာ ပညာရေးက အရေးကြီးတယ်ဆိုပေမယ့်သမီးတို့ရဲ့ နေ့စဉ်
ကျင်လည်နေရတဲ့ ဘဝက    မလုပ်ရင် ငတ်မယ်” ဟု မစံဝင်းက ပြောသည်။ မစံဝင်းလို အမျိုးသမီးငယ် အများစုမှာလည်း ၄င်း ပြောသကဲ့သို့ပင်
နေ့စဉ်ကျင်လည်နေရသည်။

အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုသလိုသူတို့အဖို့မှာလဲ အချိန်သည် အရေးကြီးသည်ဟု မစံဝင်းက ဆိုသည်။ မနက်အာရုံ နှင်းမပျောက်သေးသည့်
အချိန်တွင် တောင်ပေါ်တက်ရပြီး ဖျံဥရှာရခြင်း ဖြစ်သည်။

အလုပ်လုပ်ရသော်လည်း မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိသည့် အချိန်များလည်း ရှိသည်ဟု  ပလက်ဝမြို့မှခရစ်ယန်အသင်းတော်
ဆရာတစ်ဦးက ဆိုသည်။

“ခလေးမလေးတွေရဲ့ပညာရေးအတွက် ဘာသာရေးကျမ်းစာကျောင်းတွေမှာ ထားချင်ပေမယ့် သူတို့ရဲ့မိသားစုဝမ်းရေးက ရှိတော့ မိန်းခလေးတွေက ပညာကောင်းကောင်း မသင်နိုင်ရဘူး၊ ယောင်္ကျားလေးတွေ ကျတော့
ပြည်ပနိုင်ငံသို့ ထွက်ပြီးအလုပ်လုပ်နိုင်” ဟု ဓမ္မဆရာက ပြောသည်။

ပလက်ဝမြို့နယ်၏ နောက်ထပ် အခက်အခဲတစ်ခုမှာ ခရီးသွားလာမှုအခက်အခဲကြောင့်ဖြစ်ကြောင်း ကိုလည်း သိရသည်။ ပလက်ဝမြို့နယ်တွင် မိန်းခလေးအများစုမှာ ပညာရေးနိမ့်ပါးနေပြီး မိရိုးဖလာ တောင်ယာခုတ်ဘဝဖြင့် အဆုံးသတ်နေကြသူများလည်း ရှိသည်။

မဖွံ့ဖြိုးမတိုးတက်သေးသော ကျေးလက်နယ်စပ်ဒေသဖြစ်သည့် ပလက်ဝမြို့နယ်တွင် မိန်းခလေး အများစုမှာ ပညာရေး လိုလားကြသော်လည်း မိသားစု၏ဆင်းရဲနွမ်းပါးမှု၊ အမျိုးသားများအား ဦးစားပေး ပညာသင်ကြားမှုများပြားနေခြင်းက ၄င်းတို့၏ပညာရေး
အခွင့်အလမ်း ဆုံးရှုံးနေရခြင်းဖြစ်သည်ဟု  သိ ရသည်။

"အကုန်လုံးက ပေ ၃ဝဝဝ အထက်မှာ နေထိုင်စားသောက် လုပ်ကိုင်
နေကြရတာကိုး။ သဘာဝရင်းမြစ်တွေကလည်း အင်မတန် နည်းပါတယ်။
မြေကြီးထဲမှာတော့ ရှိပါတယ်။ ကျနော်တို့ တိုင်းပြည် အခြေအနေအရ ထုတ်လုပ်နိုင်တဲ့ အခြေအနေမရှိဘူး"ဟု ချင်းအမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဇမ်က ၄င်းတို့ပြည်နယ်၏ အခြေအနေကို ထင်ဟယ်ပေါ် လွင်အောင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေမှု ပမာဏပြည်နယ် လူဦးရေ၏ ၇၃ရာခိုင်နှုန်းကျော်ဖြင့်  အခြားဒေသများထက် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်အတိုင်း ဆက်လက်တည်ရှိနေကြောင်း ပြီးခဲ့သည့်နှစ်က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၏ စစ်တမ်းက ဖော်ပြနေသည်။

မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)
Myit Makha Mediagroup
“နောင် ၅ နှစ်ကြာရင် တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲ လုပ်မပေးနိုင်ရင်တော့ ဒီ့ထက်ပိုဆိုးမလား ကျွန်တော် စိုးရိမ်ပါတယ်” ဟု ပြောကြားခဲ့သည့် တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်း ၏ စကားကို အမှတ်ရမိသည်။

ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြ သော မျိုးနွယ်စုများ ၏ ပင်ရင်းအမည်ဖြစ်သည့် “ချင်း”ဟူသည့် အမည်နာမဖြင့် ရပ်တည်နေကြသည့် တိုင်းရင်းသားတစ်စု၏ ပညာရေးအဆင့်နိမ့်ပါးမှုအတွက် စိုးရိမ်ပူပန်သည့်လေသံဖြင့် ပြောကြားခဲ့သည်ကို သတိရမိခြင်းဖြစ်သည်။ ယမန်နေ့ညက ကျွန်တော် အိပ်၍ မပျော်ခဲ့ပါ။
မိုးသောက်အာရုံ နှင်းဖွဲဖွဲအချိန်တွင် ရွာရှိ လူငယ်လူလတ်ပိုင်းများ လှုပ်ရှားလာကြသည်။ ဒီဇင်ဘာနှင်းထုက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တောင်တန်းဒေသများ၌ နေရာယူလာစပြုနေချိန်။

အသက်(၁၆)နှစ် အရွယ် မစံဝင်းမှာ ဟောင်းနွမ်းသော အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင် ထားကာ ဂေါ်ပြားနှင့်ခြင်းတောင်းကို ကိုင်ရင်း အိမ်ရှေ့က ထွက်လာသည်။

သူမ၏နေ့စဉ်အလုပ်ဖြစ်သောတောင်ပေါ်တွင်ဖျံဥ(ဝ)ဥရှာရန်မနက်စောစောထွက်ရန် ပြင်ဆင်နေ ခြင်း ဖြစ်သည်။

“ကျမတို့အလုပ်က နေ့စဉ်ဒါပဲရှိတာ၊ တောင်ယာစိုက်၊ ဂမုန်းစိုက်၊ ဖျံဥတူး၊ ဒါနဲ့ သံသရာလည်နေတာပဲ ကျမတို့ အဖေလည်း ဒီတောင်းတန်းဒေသမှာပဲ ကြီးပြင်းလာတာ စာထဲကလို တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးပေါ့”ဟု မစံဝင်း က စကားစသည်။

သူမသည် ပညာသင်ရမည့်အရွယ်ဖြစ်သော်လည်းမိသားစုဝမ်းရေးနှင့် ဘဝအတွက် ရုန်းကန်နေကြခြင်း 
 ဖြစ်သည်။

“သူများတွေလို မြို့တက် စာသင်ချင်တာပေါ့၊ ဒါပေမယ့် ပိုက်ဆံ မတတ်နိုင်တော့ မူလတန်း အဆင့်ကပဲ ကျောင်းထွက်လိုက်ရတာ။ ဒီမှာက တောင်ပေါ်ဒေသဆိုတော့ ပညာရေးကို ဦးစားပေးတာ သိပ်မရှိကြ ဘူး ပုံမှန်တောင်ယာခုတ်ပဲ”ဟု သူမ ဆက်ပြောသည်။

မစံဝင်းသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှ ဖြစ်သည်။ မိသားစုညီအစ်ကို မောင်နှမ သုံးဦးရှိသည်။

မူလတန်းအဆင့်သာ ပညာသင်ကြားခဲ့ရပြီးမိဘနှင့်အတူ တောင်ပေါ်တက်၊ ဖျံဥရှာ ဂမုန်းစိုက်၊ ယာခုတ် စသည့် အလုပ်မျိုးကို လုပ်နေရသည်။ ပညာရေး မူလတန်းအဆင့်သာ သင်ကြားခဲ့ရသည့် “သမီး ငယ်ငယ် တုန်းက စစ်တွေမြို့ကို တစ်ခါရောက်ဖူးတယ်၊ ဖေဖေနဲ့ အဲ့ဒီအချိန် အရမ်း ပျော်တယ်၊ သူများတွေကျောင်းတက်တာမြင်ပြီးမြို့ပေါ်မှာ ကျောင်းတက်ချင်စိတ်ဖြစ်ခဲ့တယ်။ ဖေ့ဖေ့ကို ပြောပြတော့ ဖေဖေက ဘာမှမပြောဘူး။ သမီးတက်ချင်ရင် စီစဉ်ပေးမယ်လို့ပဲ ပြောတယ်”ဟု ၄င်းက ဆိုသည်။

မစံဝင်းသည် ငယ်ငယ်ကတည်းက ကျောင်းဆရာမ လုပ်ရန် စိတ်ကူး ရှိခဲ့သော်လည်း ကြီးပြင်းလာသည် နှင့် အမျှ မိသားစုဘဝကို နားလည်လာသော အခါ တောင်ယာလုပ်ငန်းထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ကျမတို့လို တောင်ပေါ်သားတွေက မိန်းခလေးတွေကော ယောင်္ကျားလေး တွေပါ ပညာတတ် ဖြစ်စေ ချင်တယ်”ဟု သူကဆိုရင်း သူ့လိုပင် အလယ်တန်း ပညာရေးဖြင့် ကျောင်းထွက်ခဲ့ရသည့် သူနှင့် ဘဝတူလုပ်ဖော်ကိုင်ဖက် အသက်(၁၈)အရွယ် အမျိုးသမီးငယ် တစ်ဦးကလည်း ယခုကဲ့သို့ပြောသည်။

“အဖေက တောင်ယာမလုပ်နိုင် မောင်လေးက စက်လှေမောင်းဆိုတော့ သမီးက ကျောင်း ထွက်ပြီး   တောင်ယာ ခုတ်ရတယ်” ဟု အသက် (၁၈) အရွယ် အမျိုးသမီးငယ်က ပြောသည်။

ထို့အတူ ပလက်ဝမြို့နယ်စက်ပစ်ပြင်ကျေးရွာမှ အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကလည်း“ကျမတို့ရွာက ယောင်္ကျားလေးတွေတော့
မြို့တက်ပညာသင်ကြတယ်၊ နိုင်ငံခြား သွားကြတယ်၊ ကျမတို့အမျိုးသမီး ကျတော့ မီးဖိုဆောင်မှာဘဲ ဘဝကိုမြုပ်နှံထားရတယ်၊ ပညာရေး ဆိုလည်း ကျမတို့က နိမ့်ကျတယ်” ဟု ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျေးလက်ဒေသရှိ မိန်းခလေးအများစုမှာ အမျိုးသားများထက် ပညာရေနိမ့်ကျနေသည် ဟု ပလက်ဝမြို့မှ အလယ်တန်းပြဆရာမတစ်ဦးက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးမပြေလည်ခြင်းနှင့် ပညာရေးအသိုင်းအဝိုင်းများနှင့် မနီးစပ်ခြင်းကြောင့်  ဖြစ်သည်ဟု အဆိုပါ ဆရာမက သုံးသပ်သည်။

“တစ်ချို့ရွာတွေမှာ စာသင်ကျောင်းမရှိဘူး၊ ဆရာမတစ်ခုသတိထားမိတယ်၊ တစ်ချို့ခလေး မလေးတွေဆိုရင် စာသိပ်တော်တယ်၊ ဝီရိယရှိတယ်။ ဒါပေမယ့်မိဘက ဆင်းရဲတော့ မူလတန်းအဆင့် ပဲ ကျောင်းထားနိုင်တယ်” ဟု ကျောင်းဆရာမက ပြောသည်။

တရွန်အိုင် ကျေးရွာသည် ကုလားတန်မြစ် ကမ်းနဖူးတွင် တည်ရှိသည်။ ယင်းဒေသတစ်ဝိုက်တွင် အမျိုးသမီးအများစုမှာ မူလတန်းအဆင့်အထိသာ ပညာရေးကို လိုက်စားကြသည်။ အလယ်တန်း အထက်တန်းအဆင့် ရောက်ရှိသူများမှာ အလွန်နည်းပါးသည်။

“ဘဝမှာ ပညာရေးက အရေးကြီးတယ်ဆိုပေမယ့်သမီးတို့ရဲ့ နေ့စဉ် ကျင်လည်နေရတဲ့ ဘဝက မလုပ်ရင် ငတ်မယ်” ဟု မစံဝင်းက ပြောသည်။ မစံဝင်းလို အမျိုးသမီးငယ် အများစုမှာလည်း ၄င်း ပြောသကဲ့သို့ပင်
နေ့စဉ်ကျင်လည်နေရသည်။

အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုသလိုသူတို့အဖို့မှာလဲ အချိန်သည် အရေးကြီးသည်ဟု မစံဝင်းက ဆိုသည်။ မနက်အာရုံ နှင်းမပျောက်သေးသည့် အချိန်တွင် တောင်ပေါ်တက်ရပြီး ဖျံဥရှာရခြင်း ဖြစ်သည်။

အလုပ်လုပ်ရသော်လည်း မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိသည့် အချိန်များလည်း ရှိသည်ဟု ပလက်ဝမြို့မှခရစ်ယန်အသင်းတော် ဆရာတစ်ဦးက ဆိုသည်။

“ခလေးမလေးတွေရဲ့ပညာရေးအတွက် ဘာသာရေးကျမ်းစာကျောင်းတွေမှာ ထားချင်ပေမယ့် သူတို့ရဲ့ မိသားစု ဝမ်းရေးက ရှိတော့ မိန်းခလေးတွေက ပညာကောင်းကောင်း မသင်နိုင်ရဘူး၊ ယောင်္ကျားလေးတွေ ကျတော့ ပြည်ပနိုင်ငံသို့ ထွက်ပြီးအလုပ်လုပ်နိုင်” ဟု ဓမ္မဆရာက ပြောသည်။

ပလက်ဝမြို့နယ်၏ နောက်ထပ် အခက်အခဲတစ်ခုမှာ ခရီးသွားလာမှုအခက်အခဲကြောင့်ဖြစ်ကြောင်း ကိုလည်း သိရသည်။ ပလက်ဝမြို့နယ်တွင် မိန်းခလေးအများစုမှာ ပညာရေးနိမ့်ပါးနေပြီး မိရိုးဖလာ တောင်ယာခုတ်ဘဝဖြင့် အဆုံးသတ်နေကြသူများလည်း ရှိသည်။

မဖွံ့ဖြိုးမတိုးတက်သေးသော ကျေးလက်နယ်စပ်ဒေသဖြစ်သည့် ပလက်ဝမြို့နယ်တွင် မိန်းခလေး အများစုမှာ ပညာရေး လိုလားကြသော်လည်း မိသားစု၏ဆင်းရဲနွမ်းပါးမှု၊ အမျိုးသားများအား ဦးစားပေး ပညာသင်ကြားမှုများပြားနေခြင်းက ၄င်းတို့၏ပညာရေး အခွင့်အလမ်း ဆုံးရှုံးနေရခြင်းဖြစ်သည်ဟု သိ ရသည်။

"အကုန်လုံးက ပေ ၃ဝဝဝ အထက်မှာ နေထိုင်စားသောက် လုပ်ကိုင် နေကြရတာကိုး။ သဘာဝရင်းမြစ်တွေ ကလည်း အင်မတန် နည်းပါတယ်။ မြေကြီးထဲမှာတော့ ရှိပါတယ်။ ကျနော်တို့ တိုင်းပြည် အခြေအနေအရ ထုတ်လုပ်နိုင်တဲ့ အခြေအနေမရှိဘူး"ဟု ချင်းအမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဇမ်က ၄င်းတို့ပြည်နယ်၏ အခြေအနေကို ထင်ဟယ်ပေါ် လွင်အောင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေမှု ပမာဏပြည်နယ် လူဦးရေ၏ ၇၃ရာခိုင်နှုန်းကျော်ဖြင့် အခြားဒေသများထက် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်အတိုင်း ဆက်လက်တည်ရှိနေကြောင်း ပြီးခဲ့သည့်နှစ်က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၏ စစ်တမ်းက ဖော်ပြနေသည်။


No comments: