Monday, December 03, 2012
Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေး ဝမ်း ကျောင်း အတတ်ပညာရပ်များ သင်ကြားပို့ချ လျက် ရှိရာ အဆိုပါပညာရပ် များကို စိတ်ပါဝင် စား သော်လည်း ငွေကြေး အခက်အခဲရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ လအတွင်း ၎င်းပညာသင်ဆုကို လူငယ် ၁၁၂ ဦးကို ရွေးချယ် စိစစ်ပေးအပ် ခဲ့ပြီး ၂ဝ၁၃ ပညာသင်နှစ် အတွက်လည်း ပညာသင် ဆုများ ချီးမြှင့်မည်ဖြစ် သည်။

ယခင် ပညာသင်ဆု ပေးအပ်လေ့ရှိသော City & Guilds (UK) ၏ Level(3)
အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း (၆) မျိုးအပြင် ယခုအကြိမ်တွင် Level(5)
အဆင့်ရှိ Advanced Diploma သင်တန်း(၄)မျိုး အတွက်ပါ တိုးချဲ့ပေးအပ် မည်ဖြစ်ရာ စုစုပေါင်း သင်တန်းသား ၂ဝ ဦးကို Scholarship ရွေးချယ်ချီးမြှင့် မည်ဖြစ်သည်။
သင်တန်းကာလမှာ ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းများတွင် City & Guilds (UK) ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ် သည်။ င်္
Full Scholarship ရရှိသူသည် သင်တန်းကြေးနှင့် စာရွက်စာတမ်း ကြေးများ ကင်းလွတ်ခွင့်ဖြင့်တက်ရောက် ပညာသင်ကြား နိုင်မည်ဖြစ်ပြီး Level(3) သင်တန်းများအတွက် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သူတိုင်း လျှောက်ထားနိုင်ပြီး Level(5) သင်တန်းများအတွက် ပြည် တွင်း၊ ပြည်ပမှ အင်ဂျင်နီယာ ဒီပလိုမာတစ်ခုခု ရထား သူများလျှောက် ထားနိုင်သည်။
လျှောက် ထားသူများကို စာမေးပွဲစနစ်ဖြင့် စိစစ် ရွေးချယ်ကာ အခမဲ့သင် တန်းတက် ရောက် ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါသင်တန်းကို စိတ်ပါဝင်စား သူများသည် ဒီဇင်ဘာ ၈ ရက် နောက် ဆုံးထား၍ အမှတ် (၁၃၈/၁၄ဝ)ဒုတိယထပ်ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့် ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၁-၇၃၁- ၂၁၇၁၇၊ ဝ၉-၅၁၉၇၈၁၇၊ Website www.glory-education.com(Kyaw Home Mart) နှင့် စာပေလောက(၅) အပေါ်ထပ်သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment