Monday, December 03, 2012
မြန်မာနိုင်ငံရှိ အိမ်ဆောက် ပစ္စည်း ဈေးကွက် တွင် ဈေးကွက်ဝေစု အများဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းများ စတင် လုပ်ဆောင်တော့မည်ဖြ စ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။
SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေစက်ရုံအား တနင်္သာရီတိုင်းဒေ သကြီးအတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အာဆီယံနိုင်ငံများအတွင်း အောင်မြင်သည့် ထိပ်တန်းစက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် SCG အနေဖြင့် အဓိကလုပ်ကိုင်နေသည့် ထုတ်ကုန်လုပ်ငန်း ငါးမျိုးရှိနေပြီး အဆိုပါ ထုတ်ကုန်များမှာSCG ဘိလပ်မြေ၊ SCG ဓာတုပစ္စည်း၊ SCG စက္ကူ၊ SCG အိမ်ဆောက်ပစ္စည်းနှင့် SCG ဖြန့်ချိရေးလုပ်ငန်းများ ဖြစ်ကြောင်းလည်း သိရသည်။
''မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ အဓိကထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ စတင်လုပ်ဆောင် ပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ တစ်ဦးတည်းပိုင် အရောင်းဆိုင် လေးဆိုင်ကို ရန်ကုန်၊ မန္ထလေး၊ နေပြည်တော် စတဲ့ မြို့ကြီးသုံးမြို့မှာ လက်ရှိလည်ပတ်နေပြီး အခြားမြို့ကြီးတွေမှာ တိုးချဲ့ဖို့ လည်း လုပ်ဆောင်နေပါတယ်'' ဟု Mr.Soontornpol Veerapravati က ပြောပါသည်။
SCG မှ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၀င်ရောက်သည့်ကာလ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိကာလတွင်မှ ဘိလပ်မြေထုတ်လုပ်ရန် စတင်တည်ဆောက်မည်ဖြစ်သော်လည်း အခြားအာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်္ကာပူ စသည့်နိုင်ငံများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပါဝင်လုပ်ကိုင်နေကြောင်း သိရှိရပါသည်။
SCG အနေဖြင့် ယင်းတို့၏ ထုတ်ကုန်ဖြစ်သည့် SCG ဆင်တံဆိပ် ဘိလပ်မြေ အား မြန်မာနိုင် ငံအပါအ၀င် ဒေသတွင်းနိုင်ငံများသို့ နှစ်စဉ်တန်ချိန်ပေါင်း ၂၂ သန်း ထုတ်လုပ်တင်ပို့နေကြောင်းလည်း သိရှိရပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဘိလပ်မြေလိုအပ်ချက် များပြားနေပြီး ပြည်တွင်းတွင် လည်း ဘိလပ်မြေစက်ရုံ ၁၅ ရုံသာ ရှိနေကာ ဘိလပ်မြေစက်ရုံ တည်ဆောက် မှုများ ဆက်လက်ခွင့်ပြုပေးရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၉၅၆၈.၀၉၃ သန်း မြှုပ်နှံထားသည်။
Eleven Media Group

No comments:
Post a Comment