ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတွေထဲက
တခုဖြစ်တဲ့ HSBC ဘဏ်ကြီးက သူ့ရဲ့ ငွေကြေး ခဝါချမှု
ကျူးလွန် ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေကို လျှော်ကြေးငွေ
အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၉၀၀ ပေးလျော်ဖို့အတွက် သဘောတူညီခဲ့ပါတယ်။
HSBC ဗြိတိသျှဘဏ်ကငွေကြေးခဝါချမှု ကျူးလွန်တာကို အစိုးရရှေ့နေတွေက
ပြောကြားခဲ့တာပါ။ ဒီဘဏ်ဟာ မက္ကဆီကိုနဲ့ ကိုလံဘီယာ မူးယစ်ဆေး
မှောင်ခိုသမားတွေနဲ့ အမေရိကန်အစိုးရက တာဝန် ယူထားတဲ့ နိုင်ငံတွေကိုယ်စား
အမေရိကန်အစိုးရရဲ့ ငွေကြေးစနစ်ကနေ တဆင့် အမေရိကန်ဒေါ်လာ
သန်းပေါင်း ထောင်နဲ့ချီပြီး ငွေလွှဲပြောင်းမှုတွေ လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်နေတာကို နှစ်ပေါင်း များစွာ စုံစမ်းစစ်ဆေးပြီးဖော်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာန ရာဇဝတ်မှုခင်းဆိုင်ရာ လက်ထောက် ရှေ့နေချုပ် လဲန်နီ ဘရူယာ (Lanny Breuer) က နယူးယောက်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် မက္ကဆီကိုက HSBC ဘဏ်ဟာ ငွေအလွှဲအပြောင်း မြန်ဆန် အောင် စီမံပြီး နေ့စဉ် ဒေါ်လာ သိန်းနဲ့ချီပြီး လွှဲပြောင်းလက်ခံယူခဲ့တယ်လို့လည်း နယူးယောက်အရှေ့ပိုင်းဆိုင်ရာအမေရိကန်ရှေ့နေကြီးက
အထူးသဖြင့် မက္ကဆီကိုက HSBC ဘဏ်ဟာ ငွေအလွှဲအပြောင်း မြန်ဆန် အောင် စီမံပြီး နေ့စဉ် ဒေါ်လာ သိန်းနဲ့ချီပြီး လွှဲပြောင်းလက်ခံယူခဲ့တယ်လို့လည်း နယူးယောက်အရှေ့ပိုင်းဆိုင်ရာအမေရိကန်ရှေ့နေကြီးက
ပြောပါတယ်။
သူတို့အမှုကို နယူးယောက်မြို့၊ ဘရွတ်ကလင်းက ပြည်ထောင်စုတရားရုံးမှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါ တယ်။ HSBC ဘဏ်ဟာ အမေရိကန်ပြည်ထောင်စု ကနေ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့
သူတို့အမှုကို နယူးယောက်မြို့၊ ဘရွတ်ကလင်းက ပြည်ထောင်စုတရားရုံးမှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါ တယ်။ HSBC ဘဏ်ဟာ အမေရိကန်ပြည်ထောင်စု ကနေ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့
မြန်မာ၊ အီရန်၊ လစ်ဗျား၊
ဆူဒန်နဲ့ ကျူးဘားနိုင်ငံတွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့
အမေရိကန် တရားရေးဌာနက စွပ်စွဲထားပါတယ်။
No comments:
Post a Comment