မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် 2013 AFC U 19 Women Football Championship နောက်ဆုံးအဆင့်ပွဲစဉ်များသို့တက်ရောက်ကစားခွင့် ရရှိခဲ့သော မြန်မာအမျိုးသမီး ယူ ၁၉ အသင်းအား ဂုဏ်ပြုဆုငွေ
ကျပ်သိန်း(၃၀၀) ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က
ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာအမျိုးသမီးယူ-၁၉ အသင်းသည် ယနေ့မနက်(၇း၃၀)နာရီက ဗီယက်နမ်နိုင်ငံ မှ ပြန်လည်ရောက်ရှိ လာခဲ့ရာ MFF ဥက္ကဋ္ဌဦးဇော်ဇော်နှင့် ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း၊MFF ဌာနခွဲ တာဝန်ခံများ၊ကစားသမားများ၏မိဘဆွေမျိုးများ၊အားပေးသူပရိသတ်များရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
"မြန်မာအမျိုးသမီးယူ၁၉အသင်းရဲ့အောင်မြင်မှုအတွက်ဝမ်းမြောက်ဂုဏ်ယူပါတယ်။အာရှခြေစစ်ပွဲအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုငွေကျပ် သိန်း(၃၀၀)ချီးမြှင့်ပေး အပ်သွားမှာပါ။ အမျိုးသမီးလိဂ်ပြိုင်ပွဲကိုလည်းကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။"ဟုမန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အသင်းအား ဂုဏ်ပြုကြိုဆိုရာတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။
မြန်မာအမျိုးသမီးယူ-၁၉ အသင်းသည် လာမည့်နှစ် အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အာဆီယံနိုင်ငံများအနက်တစ်သင်း တည်းသောခြေစစ်ပွဲအောင်မြင်သည့်အသင်းအဖြစ် နောက်ဆုံးအဆင့်
ပွဲစဉ်များ တက်ရောက်ကစားခွင့်ရရှိခဲ့သောအသင်းဖြစ်ခဲ့သည်။
အာရှအမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် ၂၀၁၃ ခုနှစ် အတွင်းကျင်းပသွား မည်ဖြစ်ရာ မြန်မာအသင်းသည် ဂျပန်၊တရုတ် ၊တောင်ကိုရီးယား၊မြောက်ကိုရီးယား၊သြစတြေးလျ အသင်းများနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်အတွင်းကျင်းပ ခဲ့သည့် အာရှသက်တမ်းအလိုက်ခြေစစ်ပွဲများတွင် မြန်မာအမျိုးသား ယူ-၂၂ အသင်း အာဆီယံဒေသ၏ တစ်သင်းတည်းသော ခြေစစ် ပွဲအောင်ခဲ့သည့်အသင်းဖြစ်ခဲ့သကဲ့သို့ ယခု မြန်မာအမျိုးသမီး ယူ-၁၉ အသင်းမှာလည်း အာဆီယံဒေသ၏ တစ်သင်းတည်းသောခြေစစ်ပွဲ အောင်မြင်ခဲ့သည့်အသင်းဖြစ်လာခဲ့ပြီး သက်ဆိုင်ရာနောက်ဆုံး အဆင့်ပြိုင်ပွဲများအား အမျိုးသား၊ အမျိုးသမီး နှစ်သင်းစလုံး အသီးသီး တက်ရောက်ကစားကြမည်ဖြစ်သည်။
2013 AFC U 19 Women Football Championship နောက်ဆုံး အဆင့်ပွဲစဉ်များ တက်ရောက်ကစားခွင့်ရရေးအတွက် မြန်မာ အမျိုးသမီး ယူ-၁၉ အသင်း ဖြတ်ကျော်ခဲ့ရသည့် ပွဲစဉ်များ ပထမအဆင့် ခြေစစ်ပွဲ - အောက်တိုဘာ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ( အိမ်ရှင် - ဖိလစ်ပိုင်) မြန်မာ ၃-၁ တရုတ်(တိုင်ပေ) မြန်မာ ၄-၀ ဖိလစ်ပိုင် မြန်မာ ၈-၀ ဟောင်ကောင် ဒုတိယအဆင့် ခြေစစ်ပွဲ - ဒီဇင်ဘာ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ (အိမ်ရှင် - ဗီယက်နမ်) မြန်မာ ၂-၁ ဗီယက်နမ် မြန်မာ ၁-၁ တရုတ်(တိုင်ပေ) မြန်မာ ၈-၀ အိန္ဒိယ ရှုံးထွက် (Play - Off) မြန်မာ ၁-၀ ထိုင်း

No comments:
Post a Comment