Wednesday, January 02, 2013

နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)AAPP ပြည်တွင်းသို့လာရောက်ခွင့်ရ

bokyi

နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောင်ရေးအသင်း  (မြန်မာနိုင်ငံ) AAPP မှ တာဝန်ခံ  နှစ်ဦးဖြစ်သော ကိုဘိုကြည်နှင့် ကိုတိတ်နိုင်တို့သည် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်   ရှိမည်ဖြစ်ကြောင်း  ကိုဘိုကြည် ထံမှ သတင်းရရှိသည်။ကိုဘိုကြည်နှင့် ကိုတိတ်နိုင် တို့သည် ဇန်န၀ါရီလ ၅ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်လေဆိပ်သို့လေကြောင်း ခရီးဖြင့်ရောက်ရှိမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ  ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP သည် ထိုင်း နိုင်ငံတွင် အခြေစိုက်ထားပြီး မြန်မာ  နိုင်ငံတွင် နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများကို တိကျစွာ  စာရင်းကောက်ယူထားပြီးလိုအပ် သော အကူအညီများကို အခက် အခဲအမျိုးမျိုးကြားမှပေးနေခဲ့သည် မှာ ကိုမင်းကိုနိုင်ထောင်တွင်း ရောက်ပြီး ၁၁ နှစ်မြောက်ကတည်း  ကဖြစ်ကြောင်းလည်း သိရသည်။  နိုင်ငံရေးအကျဉ်းသားဟောင်းများ  ဖြင့် စုစည်းတည်ထောင်ခဲ့သော  AAPP နိုင်ငံရေးအကျဉ်းသား ဟောင်းများကူညီစောင့်ရှောက် ရေးအသင်း (မြန်မာနိုင်ငံ) သည်  လွတ်လပ်ပြီး အမှီခိုကင်းသော ကိုယ်ကျိုးအတွက်မဟုတ်နိုင်ငံရေး  အကျဉ်းသားများအတွက် အကူ အညီပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့  ခြင်းဖြစ်ကြောင်းလည်း ကိုဘိုကြည်  က ရှင်းပြခဲ့သည် ဗဗဏဏ သည် နိုင်ငံရေးအကျဉ်းသားများ၏မိသား စုများကို ထောင်ဝင်စာသွားရောက်   တွေ့ဆုံနိုင်ရန် လိုအပ်သောအစား  အစာဆေးဝါးများကူညီပံ့ပိုးပေး ခြင်း၊ အကျဉ်းထောင်နှင့် အကျဉ်း သားအခြေအနေမျက်ခြေမပျက်  စောင့်ကြည့်အကဲခတ်နေခြင်းနှင့် သတင်းထုတ်ပြန်ခြင်း နိုင်ငံတကာ   အဖွဲ့အစည်းများနှင့် လက်တွဲဆောင်  ရွက်ခြင်း နိုင်ငံရေးအကျဉ်းသား  ဟောင်းများ၏ ဘ၀ပြန်လည်ထူ ထောင်နိုင်ရန်ဖေးမကူညီပေးခြင်း များဆောင်ရွက်လျက်ရှိသည်။ယခု  ခရီးစဉ်မှာလည်း နိုင်ငံတော်အစိုးရ  တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးနောက်  ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရ သည်။

No comments: