Wednesday, January 02, 2013

မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား(၄)ဦးအကြမ်းဖက်ခံရ

မလေးရှားနိုင်ငံ Kedah ပြည်နယ်ရှိ ရာဘာခင်းတွင် အလုပ်လုပ်ကိုင်နေသောရခိုင်အမျိုးသား(၄)ဦးသည် ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ဒေသခံဘင်္ဂလီအုပ်စုတစ်စု၏ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

အကြမ်းဖက်ဘင်္ဂလီများ လက်ထဲမှ ထွက်ပြေးလွတ်မြောက်လာသူ ဦးအထွီးချေ(၄၈)နှစ်

အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရခိုင်အမျိုးသား (၃)ဦးသေဆုံးပြီး၊ တစ်ဦးမှာထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ ရခိုင်အမျိုးသား(၃)ဦးမှာ ကိုမောင်ခိုင်သောင်း (၃၈ နှစ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာ)၊ ကိုလှမောင်တင် (၂၁ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)နှင့် ကိုမောင်သန်းရွှေ (၁၆)နှစ်တို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူမှာ ဦးအထွီးချေ (၄၈ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)တို့ဖြစ်သည်။

" ကျနော်တို့ညဥ့် ၁၁ နာရီကျော်အချိန် ရာဘာခင်းထဲမှာ ရာဘာစေး ခံနေပါတယ်။ အဲဒီအချိန်မှာ ဘင်္ဂလီတစ်စုက ကျနော် တို့ဆီကိုလာတယ်၊ အုပ်စုနဲ့ဝိုင်းပြီးတော့ ကျနော်တို့ကိုဖမ်းတယ်၊ ကျနော်တို့ (၄)ယောက် တစ်ဦးချင်းစီရဲ့လက်ကို နောက်ပြန်ကြိုးချည်ပြီး တောင်ကုန်းပေါ်မှာထားပါတယ်။ တစ်ယောက်ချင်းခေါ်ပြီးတော့ ရိုက်တယ်၊ ရိုက်ပြီးတာနဲ့ လည်ကို ဓါးနဲ့လှီးတယ်။ အဲဒီလို သတ်နေတဲ့အချိန်မှာ ကျနော်လည်း လွတ်ရာလွတ်ကြောင်းဆိုပြီးတော့ ကြိုးဖြေဖို့ ကြိုးစားပါတယ်။ ကံကောင်းချင်တော့ ကျနော့်ကိုချည်ထားတဲ့ကြိုးက ပြေသွားပါတယ်။ ကြိုးပြေသွားတယ်ဆိုတာနဲ့ ချက်ချင်းထွက်ပြေးလို့ လွတ်မြောက်လာခဲ့ တာပါ။ " ဟု ထွက်ပြေးလွတ်မြောက်လာသူ ဦးအထွီးချေက ယခုကဲ့သို့ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

အဆိုပါ သေဆုံးသွားသည့်အလောင်းများကို မလေးရှားနိုင်ငံ alorstar မြို့ရှိ ပြည့်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ခွဲစိတ်စမ်းသပ် နေကြောင်းနှင့် သေဆုံးသွားသူများ၏ အသုဘနှင့် လိုအပ်သောအကူအညီများကို မလေးရှားရောက် ရခိုင်လူမှုကယ်ဆယ် ရေးအဖွဲ့တစ်ဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဘင်္ဂလီအုပ်စုတစ်ချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူ (၁၀)ကျော် ရှိပြီဖြစ်ကြောင်း မလေးအခြေစိုက် လူမှုရေးအဖွဲ့တစ်ခု၏ မှတ်တမ်းအရ သိရှိရသည်။

No comments: