
"ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန် အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်တော်ပေါ်မှာ ဖျာတွေ၊စောင်တွေ ဌားပြီးနေကြ တယ် ဒါပေမယ့် ရာသီဥတုက အရမ်းအေးတော့ ဘုရားဖူးတွေ ဒုက္ခရောက် ကြတယ် ဒါကြောင့် Camp တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီး က ပြောကြား သည်။ ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီကြောင်း တဲကိုသော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန် မလိုကြောင်း၊ တစ်ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင် ယာယီ တဲ ၁၅လုံးကို စတင်ဌားရမ်းနေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်းပေးနိုင်အောင်လည်း စီစဉ်လျက် ရှိကြောင်းသိရသည်။
“ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်းစရာဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုကတောင်ပေါ်မှာ အရမ်းအေး တာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေအတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ် ဘုရားပေါ်မှာ ယာယီ တဲလေးတွေ ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေဈေးကြီးတော့ တချို့ ပိုက်ဆံချို့ တဲ့ တဲ့ဘုရားဖူးတွေအတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုး ဘုရားဖူးသွား ခဲ့သူ ဒေါ်ခင်လေး ကပြောကြားသည်။
ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ် ဌားရမ်းခနှုန်းထားများမှာလည်း အနိမ့်ဆုံးခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန် တည်းခိုခန်း များတွင်ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း ဘုရားဖူးများ အနေဖြင့် ဟိုတယ်စရိတ်များဈေးကြီးခြင်းနှင့် တည်းခိုစရာနေရာမရရှိသည့်အခက်အခဲကြောင့် ဘုရားဖူး ပြီးသည်နှင့် ချက်ချင်းပြန် သွားရသော ခရီးသည်များ ရှိသဖြင့် ည၁၀နာရီအထိ တောင်ပေါ်အတက် အဆင်းကားများကို စီစဉ်ပေးခဲ့ရကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရားဖူးရာသီတွင်ဟိုတယ်အခန်းမလုံလောက်မှုနှင့်ဈေးနှုန်းမြင့်များမှုတို့ကြောင့်ရင်ပြင်တော်ပေါ် တွင် တည်းခိုနိုင်ရန် ဖျာနှင့် ခေါင်း အုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်း လုပ်ငန်း များပေါ်ပေါက်လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင်တသောင်း ကျပ်ဖြင့် ယာယီတဲ ဌားရမ်းခြင်း လုပ်ငန်းအသစ် စတင်ထိုးဖောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
The Myanma Age
No comments:
Post a Comment