
ငါးကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်၌ စတင်ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြှားပစ် အဖွဲ့ချုပ်မှ
သိရှိရသည်။ အဆို
ပါ အရှေ့တောင်အရှ
မြားပစ်ပြိုင်ပွဲကို ယနေ့မှ စ၍ ၅ ရက်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း
သိရ ပြီး မြန်မာနိုင်ငံအပါ အဝင် နိုင် ငံပေါင်း ၆ နိုင်ငံရှိကြောင်းနှင့်
လာရောက်ယှဉ်ပြိုင်သည့်များမှာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊
အင်ဒို နီး ရှားနှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း သိရသည်။
“အရှေ့တောင် အာရှ မှာ နိုင်ငံ ၉ နိုင်ငံပဲ မြားပစ်အဖွဲ့ချုပ်ရှိတယ်။
အဲဒီထဲမှာ လာအိုနဲ့ အရှေ့ တီမောက အဖြစ်ပဲရှိတယ်။ အင်အားနည်းတယ်ပေါ့။ ၇
နိုင်ငံက အင်အားကြီးတယ်။ အဲဒီထဲမှာ ၆ နိုင်ငံပြိုင် တယ် ဆိုတော့နိုင်ငံစုံတယ်လို့ ပြောလို့ရပါတယ်။ လာမပြိုင်တဲ့ နိုင်ငံက ဖိလစ်ပိုင်ပါ။”
ဟု မြန်မာနိုင်ငံ မြား ပစ်အဖွဲ့ချုပ်မှ ဒေါက်တာ မြတ်သူရစိုးက ပြောကြားသည်။ဘရူနိုင်းနိုင်ငံ အစိုး ရက မြား ပစ်အားကစားနည်းသည် အသံတိတ်လက်နက်
တစ်မျိုးဖြစ်သည့် အတွက် နိုင်ငံတော် လုံခြုံရေးအရ အဆိုပါအားကစားနည်း ကို
ကျင်းပခွင့် မပေးကြောင်း ဒေါက်တာ မြတ်သူရစိုးက ရှင်းပြသည်။
ယခု ပြိုင်ပွဲသည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အကြို ပြိုင်ပွဲဖြစ်သည့်အတွက် လာရောက်ယှဉ်ပြိုင်သောနိုင်ငံများမှ ကစားသမားကောင်း များ စေလွှတ် ခဲ့ကြောင်း ထပ်မံသိရသည်။
“ကျွန်တော်တို့က ဆီးဂိမ်းအကြိုစမ်းသပ်တဲ့ပွဲလို့ ကြေညာလိုက်တယ်။
အဲလိုဆိုတော့ လာပြိုင်တဲ့ထဲမှာ ရွှေရဖူးတဲ့သူတွေလည်းပါတယ်။ အင်ဒိုနီးရှားကတော့ မြားပစ်မှာ အရမ်းကောင်းပါတယ်” ဟု ဒေါက်တာ မြတ်သူရစိုးက ဆက်လက်ပြောကြားသည်။
ယခုပြိုင်ပွဲတွင် ကစားနည်း ၃ မျိုးအတွက် ဆုတံဆိပ်ပေါင်း ၁၈ ခုပေးအပ်
သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် စုစုပေါင်း ကုန်ကျငွေမှာ မြန်မာကျပ်ငွေ
သိန်း ၃၀၀ နှင့် အမေရိကန်ဒေါ်လာ ၂ သောင်းဖြစ်ကြောင်း သိရသည်။
The Myanma Age
No comments:
Post a Comment