
လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေးဌာနစာရင်းများအရ သိရှိရသည်။
အစိုးရက ၂ဝ၁၃ ခုနှစ် မတ် လတွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်း
စာမေးပွဲတွင် ကချင်ပြည် နယ်၌ စာစစ်ဌာန ၄၈ ခု ဖွင့်လှစ်သွားရန်ရှိပြီး
ယခင်နှစ်က ဝင်ရောက် ဖြေဆိုသူ ၂ဝ၇၇၂ ဦးသာ ရှိနေခဲ့ရာ ယခုနှစ်တွင်မူ လျှောက်လွှာတင် ထားသူမှာ ၂၂၆၄၈ ဦးရှိသည်ဟု ကချင်ပြည်နယ်လူမှုရေးဝန်ကြီးဌာနမှ သိရသည်။ ၂ဝ၁၁ ခုနှစ် ဇွန်လပိုင်းက စကာ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားမှုအရ ၁ နှစ်ခွဲ ကျော်လာသည့် အချိန်တွင် မြန်မာအစိုးရ ထိန်းချုပ်မှုနယ်မြေအတွင်း၌ စစ်ရှောင် စခန်း ၈၄ ခု အထိရှိလာခဲ့သော်လည်း တက္ကသိုလ်ဝင် အဆင့် ကျောင်း သား၊ ကျောင်းသူပါဝင်မှု အချိုးအစားမှာ ရာခိုင်နှုန်းနည်းပါးနေမှုကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ဖြေမည့် အရေအတွက် အပေါ် အကျိုးသက် ရောက်မှုနည်းခဲ့သည်ဟု စစ်ရှောင်စခန်း တာဝန်ခံများက မှတ်ချက် ပြုသည်။
အဖြူရောင်တွဲလက်များအဖွဲ့ မှ ကိုဘိုဘိုကမူ ၄င်းတို့သွားရောက် ကူညီပေးနေသော မန့်ဝိုင်းကြီး စခန်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အရေအတွက်မှာ လွန်စွာနည်းပါးကြောင်း ပြောသည်။
ကချင်ပြည်နယ် လူမှုရေးဝန် ကြီးဌာန စာရင်းအရ ပူတာအိုခရိုင်တွင် စာစစ်ဌာန ၅ ခု၊ မြစ်ကြီးနား ခရိုင်တွင် ၁၉ ခု၊ မိုးညှင်းခရိုင်တွင် ၁၅ ခုနှင့် ဗန်းမော်ခရိုင်တွင် ၉ ခု ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်သည့်အပြင် ယခုနှစ်တွင် ပူတာအိုနှင့် မြစ်ကြီးနားခရိုင် နှစ်ခုကိုခရိုင်တစ်ခုတည်းအဖြစ် ကြီးကြပ်
စစ် ဆေးသွားမည်ဟုလည်း ထပ်မံသိရှိရသည်။
Popular Myanmar News Journal
No comments:
Post a Comment