တိုက်ပွဲများဖြစ်ပွာနေသည့်ကချင်ပြည်နယ်တွင် နှစ်ဖက်တပ်များ အနြေ ဖင့် ကျည်လွတ်မြေစစ်မဲ့ဇုန်တစ်ခုသတ်မှတ်ပေးရန်လို အပ်ကြောင်းငြိမ်း ချမ်းရေးလိုလားသူများကဗဟန်းမြို.နယ် ရှိတော်ဝန်နှင်းဆီ ခန်းမတွင် ယနေ.စာရေးသားတောင်းဆိုက်သည်။
"အပြစ်မဲ့ပြည်သူတွေထိခိုက်နစ်နာဆုံးရူံးမူနည်းဖို.ရယ်၊စစ်မက်ရေးရာ ကိစ္စတွေမလုံးဝမလုပ်ဖို.ရယ်အတွက်စစ်မဲ့ဇုန် လိုပါတယ်" ဟု ငြိမ်း ချမ်းရေးလိုလားသူတစ်ဦးကဆိုသည်။၎င်းအပြင်နှစ်ဖက်လက်နက်ကိုင်တပ်များမှလေးစားယုံကြည်အသိအမှတ်ပြုသဘောတူသောစေ.စပ်ညွှိနိုင်းပေးနိုင်သည့်လူပုဂ္ဂိုလ်၊
အဖွဲ.အစည်းများ အမြန်ဆုံးရွေးချယ်ပေးရန်လိုအပ်ကြောင်းငြိမ်းချမ်းရေးလိုလားသူများကဆိုသည်။
တော်ဝင်နှင်းဆီခန်းမတွင်ယနေ.နံနက်ပိုင်းမှစတင်ကာကချင်စစ်ဘေးသင့်ဒေသခံများပါဝင်သောစစ်ပွဲများရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခဲ့ပြီး ဆရာတော်အရှင်ဆန္ဒာဓိက၊မင်းကိုနိုင်ဦးဆောင်သော၈၈မျိုးဆက်ကျောင်း သားများ၊ငြိမ်းချမ်းရေးလိုလားသူများကတက်ရောက်ခဲ့သည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ခုနှစ် ဇွန်လမှစတင်ကာ မြန်မာတပ်မတော်နှင့် KIA တို.အကြားဖြစ် ပွားနေသောစစ်ပွဲများကြောင့် ကချင်ပြည်နယ်တွင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်နေပြီး စစ်ပြေး ဒုက္ခသည်စခန်းများတွင်အစားဆင်းရဲအနေဆင်းရဲဖြင့်အသက်ရှင်ရုန်းကန်နေရကြောင်း၊မူလရပ်ရွာနေအိမ်များ သို.အမြန်ပြန်နိုင်အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းKIO ဒုဥက္ကဌဟောင်းနှင့် ကချင်တိုင်းရင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတူးဂျာက ဇန်န၀ါရီ ၁ ရက်နေ.တွင်ကြေငြာ ချက် ထုတ်ပြန်ပြော ဆိုခဲ့သည်။
Venus News Weekly

No comments:
Post a Comment