ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု
ကထန်ရွာမှာ ဇန်နဝါရီ ၁၃ရက် ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က အစိုးရတပ်နဲ့
ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး
ဒေသခံပြည် သူတွေဟာ လုံးခင်းနဲ့ မှော်စီဆာရွာတွေဘက်ကို
ထွက်ပြေးတိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီလို့ ဒေသခံတွေက
RFA ကို ပြောပါတယ်။ မနေ့က ဇန်န၀ါရီလ ၁၂ရက် ညနေပိုင်းမှာ
အစိုးရစစ်ယာဉ်တန်း ၁၇စီးလောက်ဟာ လုံးခင်းကျေးရွာပတ်ဝန်းကျင်တဝိုက်ကို
ဝင်ရောက်လာပြီး နေရာချထားခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ
အဲဒီနေရာချထားတဲ့တပ်တွေနဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ခဲ့ပြီးဒေသခံတွေ ထွက်ပြေးနေကြတာပါ။
လုံးခင်းတ၀ိုက် တိုက်ပွဲဖြစ်ပြီး စိုးရိမ်မှုတွေကြောင့် ကုဋေမှော်၊ မားဆား၊ ကထန်ယန်၊ ဆန်ခါ၊ မဇွပ်ယန်စတဲ့ ရွာတွေက ဒေသခံတွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနဲ့နီးစပ်ရာဆွေမျိုးသားချင်းတွေအိမ်မှာ လာရောက်ခို လှုံနေကြပါတယ်။
RFA Burmese

No comments:
Post a Comment