Friday, January 11, 2013

လာမည့်နွေ မန္တလေးတိုင်း၌ လျှပ်စစ်မီးအပြည့်ရရှိရန် အာမမခံနိုင်

Photo: လာမည့်နွေ မန္တလေးတိုင်း၌ လျှပ်စစ်မီးအပြည့်ရရှိရန် အာမမခံနိုင်
Thursday, 10 January 2013

ဲပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ မန္တလေး၌ လျှပ်စစ်မီးများ
ဆက်တိုက်ပျက်နေရခြင်းမှာ လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်မှု ပမာဏကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံးမှ အမည်မဖေါ်လိုသူတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

“မီးဘာလို့ပျက်လဲဆိုရင် ထုတ်လုပ်မှုကျဆင်းနေလို့ ပျက်လာတာပါ ၊ မိုးတွင်းတုန်းက မီးဘာလို့ မပျက်လဲ ဒီလိုယှဉ်ကြည့်လိုက် ၊ မိုးတွင်းတုန်းက ထုတ်လုပ်မှုနဲ့ သုံးစွဲမှုက ကောင်းကောင်း လုံလုံ လောက်လောက် ထုတ်ပေးနိုင်လို့ မပျက်တာ”ဟု အဆိုပါ EPCမှ တာဝန်ရှိသူက ပြောသည်။

မန္တလေးခရိုင်(၇)မြို့နယ်အတွက် လျှပ်စစ်သုံးစွဲမှုပမာဏမှာ တစ်ရက်လျှင် မဂ္ဂါဝပ်(၂၀၀)ရှိကြောင်း သိရပြီး ပြည်သူများ လျှပ်စစ်မီးအပြည့်
အ၀သုံးစွဲနိုင်ရန် ရေအား ၊ လေအား ၊ သဘာဝဓါတ်ငွေ့ ၊ ကျောက်မီး
သွေးစက်ရုံများမှ မီးပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြောင်း  မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။

“ရှိသမျှနဲ့တော့ အကုန်လုပ်နေတာပဲ ၊ မီးစက်တွေလို ဒီဇယ်ဝယ်ထည့်ပြီး ခုချက်ချင်းတော့ မီးမရနိုင် သေးဘူး ၊ လာမယ့်နွေမှာ မီးမှန်ဖို့တော့ အာမမခံဘူး”ဟု EPC မှ တာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းမှစတင်ကာ ညပိုင်းနှင့်
မနက်အစောပိုင်းများတွင် လျှပ်စစ်မီးပျက်တောက်မှုများနှင့် စတင်ကြုံတွေ့နေရပြီး ထိုကဲ့သို့လျှပ်စစ်မီးပျက်ရခြင်း၏ နောက် ဆက်တွဲအဖြစ် အများပြည်သူသို့ ဖြန့်ဖြူးနေသော ရေပေးဝေရေး ရုံးများမှ ရေလုံလောက်စွာပေး နိုင်ခြင်းမရှိတော့ကြောင်း အောင်မြေ
သာစံမြို့နယ်အတွင်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်မှာ ရေမလာတော့ ရေပေးရေးရုံးတွေကို ဖုန်းတွေဆက်ပြီး ဟိုမေးဒီမေးလုပ်မှ ရေဖြန့်ဖြူးရေးက တာဝန်ရှိတဲ့တစ်ယောက်ကသူတို့လျှပ်စစ်မီးမရလို့ ရေမပေးနိုင်ဘူး
လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်ပေါ်တွင် (၇၀%)မှီနေရကြောင်း ၊ ရေအား အပေါ်မူတည်ပြီး ဓါတ်အား
ထုတ်လုပ်မှုပြောင်းလဲနေကြောင်း ၊သဘာဝဓါတ်ငွေ့ဖြင့် ထုတ်လုပ်လျှင် ရေအားမည်မျှပင် ပြောင်းပြောင်း သဘာဓါတ်ငွေ့
အမြဲရနေလျှင် ထုတ်လုပ်မှုမပြောင်းလဲနိုင်ကြောင်း ကိုလည်း မန္တလေးတိုင်းEPC ရုံးမှ တာဝန်ရှိသူက သုံးသပ်ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့စက်ရုံများရှိကြောင်း ထိုဓါတ်ငွေ့
စက်ရုံများအတွက် ဓါတ်ငွေ့လုံလုံ လောက်လောက်ရလျှင် စက်ရုံများတွင် တပ်ဆင်ထားသည့် ဓါတ်အားများအတိုင်း ပြည့်ပြည့်၀၀
ပေးနိုင်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးအနေဖြင့် ပြည်သူလူထုအား လျှပ်စစ်မီးအပြည့်အ၀ သုံးစွဲနိုင်ရန်အတွက် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များအား ညနေ(၄)နာရီမှ(၁၁)နာရီအထိ လည်းကောင်း၊ စက်မှုဇုန် လုပ်ငန်းရှင်များအား ညနေ (၅)နာရီမှ (၁၁)နာရီအထိ လည်းကောင်း၊  လျှပ်စစ်ဓါတ်အားများ အသုံးပြု၍ လုပ်ငန်းမလည်ပတ်ကြရန် အသိပေးအကြောင်းကြားမှုများပြုလုပ် ထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

“ညနေ(၄)နာရီနောက်ပိုင်းဆိုတာက မိသားစုတွေ အပန်းဖြေ
အနားယူတဲ့အချိန်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေကို အဲဒီအချိန်တွေမှာ လျှပ်စစ်မသုံးဖို့ အကြောင်းကြားထားတယ် ၊ အဲဒီ အချိန် တွေ
ကတော့ ပြည်သူတွေကို ဦးစားပေးပြီး ပြည့်ပြည့်၀၀ သုံးစွဲစေချင်စိတ်ရှိတယ်”ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။

 ပြီးခဲ့သည့်နှစ် မေလတွင်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လျှပ်စစ်မီးမရရှိခြင်းကြောင့် ဖယောင်းတိုင် များ ထွန်းညှိကာ အများပြည်သူများက ဆန္ဒထုတ်ဖေါ်မှုများရှိခဲ့ပြီး ထိုကဲ့သို့
ဆန္ဒထုတ်ဖေါ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေး
ရုံးအတွင်း အရေးပေါ်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ဒေါက်တာမြင့်ကြူက မန္တလေးမြို့အတွက် ကျောက်မီးသွေးစက်ရုံနှင့် လျှပ်စစ်မီးပေးရန် အစီအစဉ် ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

မန္တလေးခရိုင်(၇)မြို့နယ်တွင် ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြ
သာစည်မြို့နယ်နှစ်မြို့နယ်အား လျှပ်စစ် ဖြန့်ဖြူးရေးအတွက် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကို လုပ်ငန်းချထားပေးထားပြီးဖြစ်ကြောင်းနှင့် လျှပ်စစ်ထုတ် လုပ်မှုအတွက်မူ ယနေ့အချိန်ထိ ပုဂ္ဂလိကများမှ မဆက်သွယ်သေးကြောင်းကိုလည်း တာဝန်ရှိသူများထံက သိရသည်။

မင်းမင်းလတ် မန္တလေး-(မြစ်မခ)
Myit Makha Mediagroupဲပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ မန္တလေး၌ လျှပ်စစ်မီးများ
ဆက်တိုက်ပျက်နေရခြင်းမှာ လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်မှု ပမာဏ ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးရုံးမှအမည်မဖေါ်လိုသူတာဝန်ရှိသူတစ်ဦးက
 ပြောကြား လိုက်သည်။“မီးဘာလို့ပျက်လဲဆိုရင် ထုတ်လုပ်မှုကျ ဆင်းနေလို့ ပျက်လာတာပါ ၊ မိုးတွင်းတုန်းက မီးဘာလို့ မပျက်လဲ ဒီလိုယှဉ်ကြည့်လိုက်၊မိုးတွင်းတုန်းကထုတ်လုပ်မှုနဲ့သုံးစွဲမှုက ကောင်းကောင်း လုံလုံ လောက်လောက် ထုတ်ပေးနိုင်လို့ မပျက်တာ”ဟု အဆိုပါ EPCမှ တာဝန်ရှိသူက ပြောသည်။မန္တလေးခရိုင်(၇)မြို့နယ်အတွက် လျှပ်စစ်သုံးစွဲမှုပမာဏမှာ တစ်ရက်လျှင် မဂ္ဂါဝပ်(၂၀၀)ရှိကြောင်း သိရပြီး ပြည်သူများ လျှပ်စစ်မီးအပြည့်အ၀သုံးစွဲနိုင်ရန် ရေအား ၊ လေအား ၊ သဘာဝဓါတ်ငွေ့ ၊ ကျောက်မီး
သွေးစက်ရုံများမှ မီးပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရှိသမျှနဲ့တော့ အကုန်လုပ်နေတာပဲ ၊ မီးစက်တွေလို ဒီဇယ်ဝယ်ထည့်ပြီး ခုချက်ချင်းတော့ မီးမရနိုင် သေး ဘူး ၊ လာမယ့်နွေမှာ မီးမှန်ဖို့တော့ အာမမခံဘူး”ဟု EPC မှ တာဝန်ရှိသူက ပြောသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းမှစတင်ကာ ညပိုင်းနှင့်မနက်အစောပိုင်းများတွင် လျှပ်စစ်မီး ပျက်တောက်မှုများနှင့် စတင်ကြုံတွေ့နေရပြီး ထိုကဲ့သို့လျှပ်စစ်မီးပျက်ရခြင်း၏ နောက် ဆက်တွဲအဖြစ် အများပြည်သူသို့ ဖြန့်ဖြူးနေသော ရေပေးဝေရေး ရုံးများမှ ရေလုံလောက်စွာပေး နိုင်ခြင်းမရှိတော့ ကြောင်း အောင်မြေသာစံမြို့နယ်အတွင်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်မှာ ရေမလာတော့ ရေပေးရေးရုံးတွေကို ဖုန်းတွေဆက်ပြီး ဟိုမေးဒီမေး လုပ်မှ ရေဖြန့် ဖြူးရေးက တာဝန်ရှိတဲ့တစ်ယောက်ကသူတို့လျှပ်စစ်မီးမရလို့ ရေမပေးနိုင်ဘူးလို့ပြောတယ်” ဟု ၎င်း က ပြောသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်ပေါ်တွင် (၇၀%)မှီနေရကြောင်း ၊ ရေအား အပေါ်မူတည်ပြီး ဓါတ်အားထုတ်လုပ်မှုပြောင်းလဲနေကြောင်း ၊သဘာဝဓါတ်ငွေ့ဖြင့် ထုတ်လုပ် လျှင် ရေအားမည်မျှပင် ပြောင်းပြောင်း သဘာဓါတ်ငွေ့အမြဲရနေလျှင် ထုတ်လုပ်မှုမပြောင်းလဲနိုင်ကြောင်း ကိုလည်း မန္တလေးတိုင်းEPC ရုံးမှ တာဝန်ရှိသူက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့စက်ရုံများရှိကြောင်း ထိုဓါတ်ငွေ့စက်ရုံများအတွက် ဓါတ်ငွေ့ လုံလုံ လောက်လောက်ရလျှင် စက်ရုံများတွင် တပ်ဆင်ထားသည့် ဓါတ်အားများ အတိုင်း ပြည့်ပြည့် ၀၀ပေးနိုင်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးအနေဖြင့် ပြည်သူလူထုအား လျှပ်စစ်မီးအပြည့်အ၀ သုံးစွဲနိုင်ရန်အတွက် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များအား ညနေ(၄)နာရီမှ(၁၁)နာရီအထိ လည်းကောင်း၊ စက်မှုဇုန် လုပ်ငန်းရှင်များအား ညနေ (၅)နာရီမှ (၁၁)နာရီအထိ လည်းကောင်း၊ လျှပ်စစ် ဓါတ်အားများ အသုံးပြု၍ လုပ်ငန်းမလည်ပတ်ကြရန် အသိပေးအကြောင်းကြားမှုများပြုလုပ် ထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

“ညနေ(၄)နာရီနောက်ပိုင်းဆိုတာက မိသားစုတွေ အပန်းဖြေအနားယူတဲ့အချိန်ဖြစ်တဲ့အတွက် လုပ်ငန်း ရှင်တွေကို အဲဒီအချိန်တွေမှာ လျှပ်စစ်မသုံးဖို့ အကြောင်းကြားထားတယ် ၊ အဲဒီ အချိန် တွေကတော့   ပြည်သူတွေကို ဦးစားပေးပြီး ပြည့်ပြည့်၀၀ သုံးစွဲစေချင်စိတ်ရှိတယ်”ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် မေလတွင်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လျှပ်စစ်မီးမရရှိခြင်းကြောင့် ဖယောင်းတိုင် များ ထွန်းညှိကာ အများပြည်သူများက ဆန္ဒထုတ်ဖေါ်မှုများရှိခဲ့ပြီး ထိုကဲ့သို့ဆန္ဒထုတ်ဖေါ်မှုကြောင့် မန္တလေး တိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးရုံးအတွင်း အရေးပေါ်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ဒေါက်တာမြင့်ကြူက မန္တလေးမြို့အတွက် ကျောက်မီးသွေးစက်ရုံနှင့် လျှပ်စစ်မီးပေးရန် အစီအစဉ် ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

မန္တလေးခရိုင်(၇)မြို့နယ်တွင် ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်နှစ်မြို့နယ်အား လျှပ်စစ် ဖြန့်ဖြူးရေးအတွက် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကို လုပ်ငန်းချထားပေးထားပြီးဖြစ်ကြောင်းနှင့် လျှပ်စစ် ထုတ် လုပ်မှုအတွက်မူ ယနေ့အချိန်ထိ ပုဂ္ဂလိကများမှ မဆက်သွယ်သေးကြောင်းကိုလည်း တာဝန်ရှိ သူများထံက သိရသည်။

Myit Makha Mediagroup

No comments: