Friday, January 11, 2013

မောင်တောဒေသရှိ မီးရှို့ခံကျေးရွာများ စားနပ်ရိက္ခာအခက်အခဲရှိနေ

Photo: မောင်တောဒေသရှိ မီးရှို့ခံကျေးရွာများ စားနပ်ရိက္ခာအခက်အခဲရှိနေ
Thursday, 10 January 2013

ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း ဘင်္ဂလီတို့၏ မီးရှို့ဖျက်စီးမှု
ခံလိုက်ရသော ကျေးရွာ(၁၀)ရွာ ခန့်မှာ အစိုးရအပါအ၀င် ဒေသတွင်း
လူမှုထောက်ပံ့ရေးအကူညီပေးနေသည့် အစီအစဉ်များ ရပ်တန့်သွားပြီး
နောက် ရွာသားများအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရှိရသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မီးရှို့ဖျက်စီးမှုကြောင့် မောရ၀တီ၊ ဝေသာလီ၊ ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကံသာယာ၊ သရေကုန်းဘောင်၊ ကိုင်းကြီးအစရှိသော ဒေသခံကျေးရွာ (၁၀)ရွာခန့်မှာ ရိက္ခာအခက်အခဲ
ကြုံတွေ့နေရခြင်းဖြစ်သည်။

“ အစိုးရနဲ့ လူမှုကူညီထောက်ပံ့ရေးအဖွဲ့တွေက စားနပ်ရိက္ခာအကူအညီ
ပေးနေတဲ့ အစီအစဉ်ဟာ   အောက်တိုဘာလဆန်းပိုင်း ကတည်းက
ပြတ်တောက်သွားခဲ့တာပါ။ ရွာသူရွာသားများက လက်ကျန်အကူအညီတွေနဲ့ အလုပ်အကိုင်မရှိ ထိုင်စားနေရတော့ ဘယ်လောက်တာရှည်ခံမှာလဲဗျာ။ အခု လောက်ဆိုတော့ ကုန်ပြီပေါ့ဗျာ၊။ မူလကတည်းက စိတ်ဓါတ်ရေးရာ
ကျဆင်းနေတာ အခု စားနပ် ရိက္ခာအခက်အခဲကြုံတွေ့လာရတော့
တော်တော်လည်း ၀မ်းနည်းသိမ်ငယ်စိတ်တွေ ထပ်ဝင်လာတာပေါ့” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

စားနပ်ရိက္ခာအခက်အခဲကြုံနေရခြင်းနှင့်ပတ်သက်၍ မောရ၀တီကျေးရွာမှ ရွာသားတစ်ဦးကို မေးမြန်းကြည့်ရာ ၄င်းက ယခုကဲ့သို့ဖြေကြားခဲ့သည်။

“စားနပ်ရိက္ခာအကူအညီ မရတာ နှစ်လကျော်လောက်တောင် ရှိပါပြီ။ ရွာသူရွာသားတွေကမိုးတွင်းကလည်း လယ်မလုပ်ရလိုက်၊ အခု
ဆောင်းသီးနှံစိုက်ပျိုးရာသီမှာလည်း လုပ်ကိုင်မဲ့ ကျွဲ၊နွားတိရစ္ဆာန်တွေ မရှိတော့ ဘာလုပ်လို့၊ ဘာကိုင်လို့ စားရမှာ မသိတော့ပါဘူး” ဟု မောရ၀တီရွာသားက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မီးလောင်ကျေးရွာ (၁၀)ရွာမှ
ဒေသခံအိမ်ထောင်စုဦးရေ(၁၀၄၄)စု အတွက် လတ်တလောအရေးပေါ် စားသောက်လုပ်ကိုင်နေထိုင်နိုင် ရန်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၁၅၀၀၀၀)စီ
လူသားချင်း စာနာ ထောက်ပံ့ရေးအကူအညီအဖြစ်ပေးအပ်လှူဒါန်း
ခဲ့ကြောင်း သိရသည်။
 
အာရကန်ကိုကို-မောင်တော(မြစ်မခ)
Myit Makha Mediagroupရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း ဘင်္ဂလီတို့၏ မီးရှို့ဖျက်စီးမှု
ခံလိုက်ရသော ကျေးရွာ(၁၀)ရွာ ခန့်မှာ အစိုးရအပါအ၀င် ဒေသတွင်း
လူမှုထောက်ပံ့ရေးအကူညီပေးနေသည့် အစီအစဉ်များ ရပ်တန့်သွားပြီး
နောက် ရွာသားများအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရှိရသည်။ပြီးခဲ့သည့် နှစ် ဇွန်လအတွင်းက မီးရှို့ဖျက်စီး မှုကြောင့် မောရ ၀တီ၊ ဝေသာလီ၊ ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကံသာယာ၊ သရေကုန်းဘောင်ကိုင်းကြီးအစရှိသော ဒေသခံကျေးရွာ (၁၀)ရွာခန့်မှာ ရိက္ခာအခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။ “ အစိုးရနဲ့ လူမှုကူညီထောက်ပံ့ရေးအဖွဲ့တွေက စားနပ်ရိက္ခာအကူအညီပေးနေတဲ့ အစီအစဉ် ဟာ အောက်တိုဘာလဆန်းပိုင်း ကတည်းကပြတ်တောက်သွားခဲ့တာပါ။ ရွာသူရွာသားများက လက်ကျန် အကူအညီတွေနဲ့ အလုပ်အကိုင်မရှိ ထိုင်စားနေရတော့ ဘယ်လောက်တာရှည်ခံမှာလဲဗျာ။ အခု လောက် ဆိုတော့ ကုန်ပြီပေါ့ဗျာ၊။ မူလကတည်းက စိတ်ဓါတ်ရေးရာကျဆင်းနေတာ အခု စားနပ် ရိက္ခာအခက် အခဲကြုံတွေ့လာရတော့တော်တော်လည်း ၀မ်းနည်းသိမ်ငယ်စိတ်တွေ ထပ်ဝင်လာတာပေါ့” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

စားနပ်ရိက္ခာအခက်အခဲကြုံနေရခြင်းနှင့်ပတ်သက်၍ မောရ၀တီကျေးရွာမှ ရွာသားတစ်ဦးကို မေးမြန်း ကြည့်ရာ၎င်းက ယခုကဲ့သို့ဖြေကြားခဲ့သည်။ “စားနပ်ရိက္ခာအကူအညီ မရတာ နှစ်လကျော်လောက်တောင် ရှိပါပြီ။ ရွာသူရွာသားတွေကမိုးတွင်းကလည်း လယ်မလုပ်ရလိုက်၊ အခုဆောင်းသီးနှံ စိုက်ပျိုးရာသီမှာလည်း လုပ်ကိုင်မဲ့ ကျွဲ၊နွားတိရစ္ဆာန်တွေ မရှိတော့ ဘာလုပ်လို့၊ ဘာကိုင်လို့ စားရမှာ မသိတော့ပါဘူး” ဟု မောရ ၀တီရွာသားက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မီးလောင်ကျေးရွာ (၁၀)ရွာမှဒေသခံအိမ်ထောင်စုဦးရေ(၁၀၄၄)စု အတွက် လတ်တလောအရေးပေါ် စားသောက်လုပ်ကိုင်နေထိုင်နိုင် ရန်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှအိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၁၅၀၀၀၀)စီလူသားချင်းစာနာ ထောက်ပံ့ရေး အကူအညီ အဖြစ်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Myit Makha Mediagroup

No comments: