ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေး ၀င်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်းတစ်ခုတည်ဆောက် မည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်ကပြောပြခဲ့ပါသည်။အဆိုပါ အဆင်မြင့်ဆိုက်ရောက်ရပ်နားကွင်းအား Myint & Paing Company Limited မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး၊ ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၆ လအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဟု အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း နေထိုင်သူ တစ်ဦး က ပြောပြခဲ့သည်။ ယင်းကဲ့သို့ အဆင့်မြင့်ဆိုက်ရောက်ရပ်နားကွင်း တည်ဆောက်ရခြင်းနှင့် ပတ်သက် ၍ အောင်မင်္ဂလာ အဝေးပြေးဝင်းယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင် က "အခုလို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ သက်သက် သာသာ ရှိစေဖို့အတွက်ပါ။ မိုးတွင်းလိုကာလမျိုးမှာလည်း ကားပေါ်ကဆင်းတဲ့အခါ လေဆိပ်လိုမျိုး မိုးလွတ်လွတ်ကင်းကင်းနဲ့ သွားလာနိုင်အောင် လုပ်သွားမှာပါ။ ခရီးကပြန်ရောက်တဲ့အခါမှာလည်း အငှားကားတွေကို အဆင်သင့်ငှားစီးလို့ရနိုင်အောင် တက်စီဂိတ် ထားပေးထားမှာပါ" ဟု ဆက် လက်ပြော ကြားသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဆိုက်ရောက်ရပ်နားကွင်းနှစ်ကွင်းရှိကြောင်း သိရပြီး ယခုအသစ် တည်ဆောက်မည့်ကွင်းမှာဒုတိယရပ်နားကွင်းကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအနောက်ဘက်ရှိရန်ကုန်မန္တလေးကားဂိတ်အများစုရှိသောနေရာတွင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ထုတ်ပြန်သောစာရင်းများအရအောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း၌ ယာဉ်လိုင်းပေါင်း ၁၂၈ လိုင်းရှိပြီး တစ်နေ့လျှင် ခရီးသည်ပေါင်း ၇၀၀၀ ကျော်ခန့် ၀င်ထွက်သွား လာနေကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment