
နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏသိဒ္ဓိ မြားပစ် ပြိုင်ကွင်း၌ ယနေ့ နံနက် ၉ နာရီတွင် ပဉ္စမ အကြိမ် မြောက် အရှေ့တောင် အာရှ တံခွန်စိုက် မြား
ပစ်
ပြိုင်ပွဲနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို
ဆန်းစစ် မြားပစ် ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို စတင် ကျင်းပရာ ယဉ်ကျေးမှု
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ၊ မြန်မာနိုင်ငံ မြားပစ်
အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူ များ၊ မြားပစ် အားကစား ဝါသနာ ရှင်များ
တက်ရောက် ကြည့်ရှု အားပေး ကြသည်။ နံနက်ပိုင်း ပွဲစဉ်များတွင်
အမျိုးသမီး Recurve တစ်ဦးချင်း အမှတ်ပေး ပွဲစဉ်၌ သင်းသင်းခိုင် (မြန်မာ)က
ပထမ၊ Ms. LOC Thi Dao (ဗီယက်နမ်)က ဒုတိယ၊ Ms. Nur Aliya Ghapar (မလေးရှား)က
တတိယ၊ အမျိုးသမီး အသင်းလိုက် အမှတ်ပေး ပွဲစဉ်၌ မြန်မာ အသင်းက ပထမ၊
မလေးရှား အသင်းက ဒုတိယ၊ ဗီယက်နမ် အသင်းက တတိယ၊ အမျိုးသား တစ်ဦးချင်း
အမှတ်ပေး Compound ပွဲစဉ်၌ Mr. Nguyen Tien Cuong (ဗီယက်နမ်)က ပထမ၊ Mr. I
Gusti Nyoman Purnhito (အင်ဒိုနီးရှား)က ဒုတိယ၊ Mr. Ngujen Tuan Anh
(ဗီယက်နမ်)က တတိယ၊ အမျိုးသား Compound အသင်းလိုက် အမှတ်ပေး ပွဲစဉ် တွင်
ဗီယက်နမ် အသင်းက ပထမ၊ မြန်မာ အသင်းက ဒုတိယ ရရှိကြသည်။
ညနေပိုင်း
ပွဲစဉ် များတွင် အမျိုးသမီး Compound တစ်ဦးချင်း အမှတ်ပေး ပွဲစဉ်၌
အောင်ငှိမ်း(မြန်မာ)က ပထမ၊ Ms. Sri Ranti (အင်ဒိုနီးရှား)က ဒုတိယ၊
ယောစိမ်းယ (မြန်မာ)က တတိယ၊ အမျိုးသမီး အသင်း လိုက် အမှတ်ပေး ပြိုင်ပွဲတွင်
မြန်မာ အသင်းက ပထမ၊ ဗီယက်နမ် အသင်းက ဒုတိယ၊ အမျိုးသား Recurve တစ်ဦးချင်း
အမှတ်ပေး ပွဲစဉ်၌ Mr. Khairul Anuar Mo-hamad (မလေးရှား)က ပထမ၊ Mr. Atiq
Bazil Bakri (မလေးရှား)က ဒုတိယ၊ Mr. Si Lie Tan (စင်ကာပူ)က တတိယ၊ အမျိုးသား
ွ Recurve အသင်းလိုက် အမှတ်ပေး ပွဲစဉ်၌ မလေးရှား အသင်းက ပထမ၊ မြန်မာ
အသင်းက ဒုတိယ၊ ဗီယက်နမ် အသင်းက တတိယ ရရှိကြသည်။ ပဉ္စမ အကြိမ်မြောက်
အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲ၌ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊
စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံများမှ အားကစား သမားများ
ပါဝင် ယှဉ်ပြိုင် ကြပြီး ပထမနေ့ ပွဲစဉ်များတွင် မြန်မာ အမျိုးသမီး မြားပစ်
အသင်းက ရွှေတံ ဆိပ်လေး ခု၊ ကြေးတံ ဆိပ် တစ်ခု၊ မြန်မာ အမျိုးသား အသင်းက ငွေတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် ခုနစ်ခု ရရှိ ထားကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment