" အပြစ်မဲ့ပြည်သူတွေထိခိုက်နစ်နာဆုံးရူံးမူနည်းဖို.ရယ်၊စစ်မက်ရေးရာ ကိစ္စတွေမလုံးဝမလုပ်ဖို.ရယ်အတွက်စစ်မဲ့ဇုန်လိုပါတယ်ဟုငြိမ်းချမ်းရေး
လိုလားသူတစ်ဦးကဆိုသည်။၎င်းအပြင်နှစ်ဖက်လက်နက်ကိုင်တပ်များမှလေးစားယုံကြည်အသိအမှတ်ပြုသဘောတူသောစေ.စပ်ညွှိနိုင်းပေးနိုင်သည့်လူပုဂ္ဂိုလ်၊
အဖွဲ.အစည်းများအမြန်ဆုံးရွေးချယ်ပေးရန်လိုအပ်ကြောင်းငြိမ်းချမ်းရေးလိုလားသူများကဆိုသည်။တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ.နံနက်ပိုင်းမှစတင်ကာ ကချင်စစ်ဘေးသင့်ဒေသခံများပါဝင်သောစစ်ပွဲများရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခဲ့ပြီး ဆရာတော်အရှင်ဆန္ဒာဓိက၊မင်းကိုနိုင်ဦးဆောင်သော၈၈မျိုးဆက်ကျောင်း သားများ ၊ငြိမ်းချမ်းရေးလိုလားသူများကတက်ရောက်ခဲ့သည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ခုနှစ် ဇွန်လမှစတင်ကာ မြန်မာတပ်မတော်နှင့် KIA တို.အကြားဖြစ်ပွားနေသော စစ်ပွဲများကြောင့်ကချင်ပြည်နယ်တွင်စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်နေပြီးစစ်ပြေးဒုက္ခသည်စခန်းများတွင်

အစားဆင်းရဲအနေဆင်းရဲဖြင့်အသက်ရှင်ရုန်းကန်နေရကြောင်း၊မူလရပ်ရွာနေအိမ်များသို.အမြန်ပြန်နိုင်အောင်ဆောင်ရွက်ပေးရန်
လိုအပ်ကြောင်း KIO ဒုဥက္ကဌဟောင်းနှင့် ကချင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ် သူ ဒေါက်တာတူးဂျာ က ဇန်န၀ါရီ ၁ ရက်နေ.တွင်ကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့သည်။
Venus News Weekly

No comments:
Post a Comment